Home
မြန်မာသတင်း
မွန်ပြည်နယ်လွှတ်တော်ရုံး ရဲကင်းဂိတ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
July 28, 2022

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်ရှိ မွန်ပြည်နယ်လွှတ်တော်ရုံး ရဲကင်းဂိတ်ကို  ဇူလိုင် ၂၇ ရက် မနေ့ည ည ၇ နာရီလောက်မှာ  လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ်လွှတ်တော်ရုံး ရဲကင်းဂိတ်ကို Federal Freedom UG အဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်ရုံးနဲ့ နီးစပ်သူတွေ အဆိုအရ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် မွန်ပြည်နယ်လွှတ်တော်ရုံးတံခါး အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတော့ မရှိဘူးလို့ ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က အင်အားအများအပြား အသုံးပြုပြီး မြို့ပေါ်ရပ်ကွက်တချို့မှာ ဧည့်စာရင်း ဝင်ရောက် စစ်ဆေးခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၈ ရက် မနက်ပိုင်းကစပြီး မော်လမြိုင်မြို့အဝင်အထွက်ဂိတ်တွေမှာလည်း ပိတ်ဆို့ ရှာဖွေ စစ်ဆေးနေပါတယ်။

မွန်ပြည်နယ်လွှတ်တော်ရုံး ရဲကင်းဂိတ် လက်ပစ်ဗုံးပစ်ခတ် တိုက်ခိုက်မှုမှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  Federal Freedom UG အဖွဲ့က ထုတ်ပြန်ထားပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024