DVB Logo
Home
မြန်မာသတင်း
အတ္ထရံတံတား ရဲကင်းဂိတ်စခန်း တိုက်ခိုက်ခံရ
DVB
·
March 19, 2022
အတ္ထရံတံတား ရဲကင်းဂိတ်စခန်း တိုက်ခိုက်ခံရ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က အတ္ထရံတံတား(ချောင်းနှစ်ခွ) ရဲကင်းဂိတ်စခန်းဟာ မတ်လ ၁၉ ရက် ဒီနေ့ မနက် ၇ နာရီလောက်မှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရဲကင်းဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒုတပ်ကြပ် ရဲ တစ်ဦး သေဆုံးကာ ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရဲကင်းဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပြီး ချောင်းနှစ်ခွတံတား ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားပါတယ်။

လက်ရှိမှာတော့ ချောင်းနှစ်ခွတံတားမှာ ခရီးသွားကားနဲ့ ဆိုင်ကယ် ရာနဲ့ချီ ပိတ်မိနေသလို မနက် ၁၁ နာရီအချိန်ထိ ဖြတ်သန်းသွားခွင့်မရသေးဘူးလို့ ခရီးသွားတွေ ပြောပါတယ်။

ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းက စစ်ကောင်စီတပ်တွေ ပြန်လည်ဆုတ်ခွာပေးဖို့ ကေအန်ယူက စစ်ကောင်စီ အရှေ့တောင်တိုင်းမှူးထံ သတိပေးစာ ပေးပို့ပြီးနောက် တပ်မဟာ ၆ နယ်မြေအများစုမှာ ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013