
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက် အမှတ် ၆ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Kalay တပ်ရင်း ၆) က မိမိတပ်ရင်းမှာ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် တာဝန်ထမ်းဆောင်နေတဲ့ တော်လှန်ရေးတပ်သားတွေနဲ့ ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေကို တပ်ရင်းရဲ့အစီအစဉ်နဲ့ ထောက်ပံ့ကူညီပေးခဲ့ပါတယ်။
ပြည်သူလူထုရဲ့ လှူဒါန်းထောက်ပံ့ငွေထဲက ခွဲဝေသုံးစွဲတာဖြစ်ပြီး တပ်ရင်းရဲ့ ဘဏ္ဍာငွေ အခြေအနေအရ တော်လှန်ရေးတပ်သားတဦးကို ငွေကျပ် ၂၀,၀၀၀ သာ ထောက်ပံ့နိုင်ခဲ့တယ်လို့ ကလေး PDF တပ်ရင်း ၇ က ပြောပါတယ်။
အခုလို တော်လှန်ရေးတပ်သားတွေအပေါ် ထောက်ပံ့ပေးတာကို လစဉ်လတိုင်း ဆောင်ရွက်ပေးလိုပြီး ထောက်ပံ့ပေးနိုင်ဖို့ ပြည်သူတွေရဲ့ လှူဒါန်းမှုတွေ လိုအပ်ကြောင်း၊ ထပ်ပြီးလည်း လစဉ်ထောက်ပံ့နိုင်ဖို့အတွက် မိဘပြည်သူတွေအနေနဲ့ အလှူငွေတွေ ပါဝင်လှူဒါန်းပေးကြဖို့၊ မိမိတို့တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်အာဏာရှင် အမြစ်ပြတ် ကျဆုံးတဲ့အထိ တော်လှန်သွားမှာဖြစ်ကြောင်း ကလေး PDF တပ်ရင်း ၆ က ရဲဘော်တဦးက ပြောပါတယ်။
လက်ရှိမှာ ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာနေပါတယ်။