DVB Logo
Home
မြန်မာသတင်း
ပျူစောထီးအဖွဲ့ကို စစ်တပ်က ဖွဲ့စည်းခြင်းမရှိဟု စစ်ကောင်စီပြော
DVB
·
July 27, 2022
ပျူစောထီးအဖွဲ့ကို စစ်တပ်က ဖွဲ့စည်းခြင်းမရှိဟု စစ်ကောင်စီပြော
Donate to DVB

ပျူစောထီးတွေကို စစ်တပ်က ဖွဲ့စည်းပေးတယ်၊ စစ်မှုထမ်းဟောင်းတွေ၊ မဘသတွေ၊ မျိုးချစ်တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ မဟုတ်မှန်ကြောင်း ဇူလိုင် ၂၆ ရက်နေ့ကလုပ်တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပျူစောထီးတွေကို ၀န်ကြီးချုပ်အဖြစ် ဦးနု တာ၀န်ယူခဲ့တဲ့ ၁၉၅၅ ခုနှစ် အောက်တိုဘာလမှာ အမျိုးသားကာကွယ်ရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပျူစောထီးတွေဟာ သူတို့ကို ဖွဲ့စည်းပေးခဲ့တဲ့ ပါတီအုပ်စုတွေရဲ့ ခါးပိုက်ဆောင်တပ်ပုံစံမျိုးနဲ့ လူသတ်တာတွေ၊ ရမ်းကားတာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ၁၉၅၈ ခုနှစ် စက်တင်ဘာမှာ ဖျက်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။

“အစိုးရနေနဲ့ရော တပ်မတော်အနေနဲ့ပါ ဖဆပလလို ဒီမိုကရေစီအရည်ခြုံ အာဏာရှင်စနစ် ထူထောင်ဖို့ ခါးပိုက်ဆောင်တပ် ပျူစောထီးကို ဖွဲ့ခဲ့တာလည်း မရှိဘူး။ ပျူစောထီးဆိုတဲ့ အသုံးအနှုန်းလည်း မရှိခဲ့ဘူးဖြစ်ပါတယ်။ တပ်မတော်ဟာ သမိုင်းကြောင်းကို ကြေညက်ပြီးသား ဖြစ်ပါတယ်။ သမိုင်းကြောင်းအစာမကြေသူတွေသာ သမိုင်းဘီးကို နောက်ပြန်လှည့်ဖို့ ကြိုးစားနေတာဖြစ်ကြောင်း ပြောကြားလိုပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

NUG၊ PDF နဲ့ မီဒီယာတွေသုံးနှုန်းနေတဲ့ ပျုစောထီးဆိုတာ ပါလီမန်ဒီမိုကရေစီခေတ်က ဦးနုရဲ့ အာဏာရပါတီက ဒီမိုကရေစီအနိုင်ကျင့်မှုအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့မျိုးသာဖြစ်တယ်လို့ ဆိုပါတယ်။

“အဲဒီအမည်မျိုးကို မီဒီယာတွေ၊ NUG အမည်ခံအကြမ်းဖက်အဖွဲ့က သုံးစွဲနေတာဟာ သမိုင်းကြောင်းအမှန်ကိုမသိဘဲ ပြောဆိုခေါ်ဝေါ် သုံးစွဲနေခြင်းဖြစ်တဲ့အတွက် အံ့သြစရာသိပ်ကောင်းပါတယ်။ ပြည်သူကို နှိပ်စက်၊ သတ်ဖြတ်၊ ခြိမ်းခြောက်တဲ့လုပ်ငန်းတွေကို ဘယ်သူတွေက ဒီနေ့ ဒီနိုင်ငံမှာ လုပ်နေသလဲ နေ့စဉ်နဲ့အမျှ ရဟန်း၊ သံဃာတွေကို သတ်ဖြတ်၊ ဆရာ၊ ဆရာမတွေကို ရန်ရှာ၊ ပြည်သူလူထုကြားမှာ ဗုံးခွဲ၊ ကလေးတွေရဲ့ ပညာသင်ကြားမှုတွေကို ခြိမ်းခြောက်၊ စာသင်ကျောင်းတွေကိုပါ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာ ဘယ်သူတွေလည်း ဒီ NUG၊ PDF အမည်ခံ အကြမ်းဖက်သမားတွေပဲဖြစ်ပါတယ်။ တနည်းအားဖြင့် ဦးနုဖွဲ့စည်းခဲ့တဲ့ ပျူစောထီးအမည်ခံ လူရမ်းကားအဖွဲ့ထက်ဆိုးတဲ့ ခေတ်သစ်ပျူစောပျက်တွေပဲဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ငြင်းဆိုနေပေမဲ့ လက်တွေ့ မြေပြင်မှာတော့ ပျူစောထီးအမည်ခံအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းပြီး ကျေးရွာတွေကို မီးရှို့၊ ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ကျူးလွန်နေတာဖြစ်ပါတယ်။ 

အရင် စစ်အစိုးရ လက်ထက်တွေတုန်းကလည်း စစ်တပ်ဟာ  စွမ်းအားရှင်၊ လက်ပတ်နီတွေကို အသုံးပြုပြီး  နိုင်ငံရေးလှုပ်ရှားသူတွေအပေါ်  အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013