DVB Logo
Home
မြန်မာသတင်း
ရဟတ်ယာဉ်အမှုအတွက် တရားလိုပြသက်သေကို ဆက်လက်စစ်ဆေး
DVB
·
July 26, 2022
ရဟတ်ယာဉ်အမှုအတွက် တရားလိုပြသက်သေကို ဆက်လက်စစ်ဆေး
Donate to DVB

နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဌာနဝန်ကြီး ဒေါက်တာ၀င်းမြတ်အေးတို့အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိအမှုတွေကို ဇူလိုင် ၂၆ ရက် ဒီကနေ့ ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာ ရဟတ်ယာဉ်အမှု ၄၀/၇ အတွက် တရားလိုပြသက်သေ ဦးစိုးအောင် ကိုဆက်လက်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ပြည်သူတွေ သဘာဝဘေးအန္တရာယ်ကြုံတဲ့အခါမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ၀ယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး နိုင်ငံခေါင်းဆောင်တွေကို အာဏာသိမ်းစစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးမောင်ဝိတ်ကအလှူငွေပေးအပ်ခဲ့တဲ့ အဂတိအမှု ၂ မှုအတွက်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်ကြောင်း ဇူလိုင် ၂၅ရက်နေ့ရုံးချိန်းမှာ တရားရုံးက အမိန့်ချထားပါတယ်။

၂၆ ရက် ဒီနေ့မှာတော့  တရားလို ဦးရဲထက်ကို တရားရုံးက ပြန်ခေါ်သက်သေအဖြစ် ဆက်လက်စစ်ဆေးခဲ့ပါတယ်။ ဒီအမှုတွေအတွက် လိုပြသက်သေတွေကို ဆက်လက်စစ်ဆေးဖို့ ကျန်နေသေးတယ်လို့သိရပါတယ်။  

ဩဂုတ် ၁ ရက်နဲ့  ၂ ရက်နေ့ ရုံးချိန်းပြန်ခေါ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်တယ်လို့  တရားရုံးနဲ့ နီးစပ်သူတစ်ယောက်ကပြောပါတယ်။

၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့ အမှုပေါင်း  ၂၀ ထက်မနည်းရှိခဲ့ပြီး အဲ့ဒီအထဲက ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားပါတယ်။

ကျန်တဲ့အမှုတွေရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေပေါင်းလိုက်ရင် အသက် ၇၇ နှစ်အရွယ် အတိုင်ပင်ခံပု ဂ္ဂိုလ်ဟာ နောက်ထပ်ထောင်ဒဏ် အနှစ် ၁၈၀ ကျော်အထိ ချမှတ်ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013