DVB Logo
Home
မြန်မာသတင်း
သေဒဏ်ပေးကွပ်မျက်မှုအပေါ် ဥရောပသမဂ္ဂ (အီးယူ) ကန့်ကွက်ရှုတ်ချ
DVB
·
July 26, 2022
သေဒဏ်ပေးကွပ်မျက်မှုအပေါ်  ဥရောပသမဂ္ဂ (အီးယူ) ကန့်ကွက်ရှုတ်ချ
Donate to DVB

သေဒဏ်ပေးကွပ်မျက်တာဟာ ဘဝတခုအတွက် ထာဝရရှိနေတဲ့ အခွင့်အရေးတရပ်ကို ချိုးဖောက်ရာရောက်တဲ့ ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်စွာပြုမူတဲ့ ပြစ်ဒဏ်တခုအဖြစ် သတ်မှတ်ပြီး  ဆန့်ကျင် ကန့်ကွက်တဲ့အကြောင်း  ဥရောပသမဂ္ဂ (အီးယူ) က ထုတ်ပြန်ကြေညာ ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ ၄ ဦးကို မြန်မာစစ်အာဏာရှင်က သေဒဏ်ပေးကွပ်မျက်လိုက်တဲ့အပေါ် ဥရောပသမဂ္ဂကိုယ်စား အထူးကိုယ်စားလှယ်က ဇူလိုင် ၂၅ ရက်နေ့စွဲနဲ့  သဘာထား ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ အဆိုပါ သေဒဏ်ပေး ကွပ်မျက်မှုကို  ပြင်းထန်စွာ ရှုတ်ချပြီး ကွပ်မျက်ခံရသူတွေရဲ့  ကျန်ရစ်သူ မိသားစုတွေ၊ သူငယ်ချင်း မိတ်ဆွေတွေအတွက် လွန်စွာဝမ်းနည်းကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုလို နိုင်ငံရေးဆိုင်ရာ သေဒဏ်ပေးကွပ်မျက်တာဟာ တရားဥပဒေစိုးမိုးရေးကို အပြီးတိုင်ဖျက်သိမ်းပြီး လူ့အခွင့်အရေးကို သိသာထင်ရှားစွာ ချိုးဖောက်ခြင်း ဆီသို့ ဦးတည်နေတဲ့ နောက်ထပ် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ ‌သေဒဏ်ပေးတာကို ဖျက်သိမ်းဖို့ လုပ်ဆောင်နေတဲ့  ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့ ဆန့်ကျင်နေတဲ့ လုပ်ရပ်လည်းဖြစ်တယ်လို့ အီးယူက ဆိုပါတယ်။ 

သေဒဏ်ပေး ကွပ်မျက်တဲ့လုပ်ရပ်ဟာ တပ်မတော် အာဏာပိုင်တွေက ကာကွယ်စောင့်ရှောက်ပေးရမယ့်  ပြည်သူတွေရဲ့ အသက်နဲ့ ဂုဏ်သိက္ခာကို လေးစားမှုမရှိကြောင်း ပြသနေတဲ့ ပြစ်တင်ရှုတ်ချဖွယ်ကောင်းသော လုပ်ရပ်များဖြစ်တယ်၊ ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့  သဘောထားကွဲလွဲမှု၊ အကြမ်းဖက်မှုနဲ့  ကြီးမားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ပိုမိုဆိုးရွားလာစေမယ်လို့ အီးယူ ကြေညာချက်မှာဖော်ပြပါတယ်။

ဥရောပသမဂ္ဂအနေနဲ့  မြန်မာပြည်သူတွေနဲ့  လွတ်လပ်မှုအတွက် သူတို့ရဲ့ ပြင်းပြတဲ့ ဆန္ဒနဲ့ အတူ ပြတ်သားစွာရပ်တည်ကာ အကြမ်းဖက်မှု အားလုံးကို အမြန်ဆုံး အဆုံးသတ်ဖို့ စစ်အာဏာရှင်ကို တိုက်တွန်းပြီး မတရားဖမ်းဆီး ထိန်းသိမ်းထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့  ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာဖို့လည်း  အီးယူကိုယ်စားလှယ်က တိုက်တွန်းထားပါတယ်။ 

သေဒဏ်ချမှတ်ခံထားရတဲ့ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၄ ယောက်ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြစ်ဒဏ်စီရင်ခဲ့ပြီး ဖြစ်တယ်လို့ ဇူလိုင် ၂၅ ရက် ဒီကနေ့ထုတ် သတင်းစာတွေမှာ စစ်ကောင်စီက သတင်းထုတ်ပြန် ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013