Home
မြန်မာသတင်း
မတူပီတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၅ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
DVB
·
July 26, 2022
294832560_180296211123470_475327616369290034_n

ချင်းပြည်နယ် မတူပီမြို့နယ်မှာ ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ CDF-မတူပီတို့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ယောက် သေဆုံး၊ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ CDF မတူပီက ပြောပါတယ်။

မတူပီမြို့နယ် မင်းတပ်-မတူပီကားလမ်ဘက်ကို လမ်းကြောင်းရှင်းဖို့ ခြေလျင် လာတဲ့ စစ်(...) ၁၁ ယောက်လောက်ကို ဇူလိုင် ၂၅ ရက်နေ့ မနက် ၁၁ နာရီလောက် လေမျိုချောင်းတံတားနားမှာ CDF-မတူပီက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ CDF-မတူပီ ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်းက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီစစ်(...)တွေက ၂ ယောက်လောက်ပဲ ကျန်တော့တာဗျ။ ကျနော်တို့တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့ အသံကြားတော့ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ပြီး တပ်ကူလိုက်လာလို့ လက်နက်ခဲယမ်းတွေကိုတော့ မသိမ်းနိုင်ခဲ့ဘူး။ ကျနော်တို့ဘက်က ရဲဘော်တွေတော့ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

CDF-မတူပီ လှုပ်ရှားတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်လို့ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးဝေးနေပြီး သတိထားသွားလာကြဖို့ လိုအပ်တယ်လို့ သတိပေးထားပါတယ်။

မတူပီမြို့နယ်မှာ ဇူလိုင် ၁၅ ရက်နေ့ နေ့လယ်ပိုင်းကလည်း ခလရ ၁၄၀ က စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိသူတယောက်ကို CDF-မတူပီက ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024