DVB Logo
Home
မြန်မာသတင်း
Non-CDM ဝန်ထမ်းများကို စစ်ကောင်စီက အိမ်ငှားစရိတ် မဖြစ်စလောက် ပေးကမ်းစည်းရုံး
DVB
·
July 25, 2022
Non-CDM ဝန်ထမ်းများကို စစ်ကောင်စီက အိမ်ငှားစရိတ် မဖြစ်စလောက် ပေးကမ်းစည်းရုံး
Donate to DVB

စစ်ကောင်စီက သူ့အာဏာတည်မြဲရေးနဲ့ အုပ်ချုပ်မှုယန္တရား လည်ပတ်နိုင်ဖို့အတွက် ရှိရင်းစွဲ ဝန်ထမ်းတွေကို အိမ်ငှားစရိတ် ခေါင်းစဉ်နဲ့ မဖြစ်စလောက် ပေးကမ်းပြီး စည်းရုံးလာတယ်လို့ အာဏာဖီဆန်  CDM လှုပ်ရှားမှုဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေက ပြောပါတယ်။

တိုင်းပြည်အာဏာအား အဓမ္မသိမ်းယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဇူလှိုင်လ ၂၅ ရက် နေ့စွဲနဲ့ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)တွေကို အိမ်ငှားစရိတ် အနေနဲ့  လစဉ်ထောက်ပံ့ပေး သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြချက်အရ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းတွေနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းတွေရှိ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)တွေ အတွက် အိမ်ငှားစရိတ် ခံစားခွင့်ကို သတ်မှတ်နှုန်း ထားများအတိုင်း ၂၀၂၂ ခုနှစ် သြဂုတ်လမှစတင် ခံစားခွင့်ပြုလိုက်တယ်လို့ ဆိုပါတယ်။

ခံစားခွင့်နဲ့ပတ်သတ်ပြီး စစ်ကောင်စီက သတ်မှတ်ထားတဲ့အချက်တွေက လင်မယား ၂ ဦးအနက် ၁ ဦးမှာ နိုင်ငံဝန်ထမ်း (အမြဲတမ်း)ဖြစ်ပြီး အခမဲ့ ဝန်ထမ်းအိမ်ရာ မရလျှင်  သူ့ရဲ့ မူရင်းလစာရဲ့ ၈ ရာခိုင်နှုန်း၊ တကယ်လို့ ဌာန တခုတည်းမှာ တာဝန် ကျပြီး အတူတူ နေထိုင်နေပေမဲ့ ဘယ်သူကမှ  အခမဲ့ ဝန်ထမ်းအိမ်ရာကို မရလျှင် သို့မဟုတ် ဌာန မတူသော်လည်း အတူတူနေထိုင်ပြီး ဘယ်သူမှ အခမဲ့ ဝန်ထမ်းအိမ်ရာကို မရလျှင် ၁ ဦးအတွက်သာ မူရင်းလစာရဲ့  ၈ ရာခိုင်နှုန်း ခံစားခွင့်  ရမယ်လို့ ဖော်ပြထားပါတယ်။

ဒီ့အပြင် မလွှဲမရှောင်သာသော တာဝန်ဝတ္တရားတွေ ကြောင့် တဦးနဲ့ တဦး  ခွဲနေရတဲ့အခါ တဦး တည်းကသာ အခမဲ့ ဝန်ထမ်း အိမ်ရာ ရရှိပြီး မရရှိတဲ့ ကျန် တဦးအတွက်က သူက မူရင်းလစာရဲ့ ၈ ရာခိုင်နှုန်း ၊ မုဆိုးမ ၊ မုဆိုးဖို သို့မဟုတ် လင်မယား ကွာရှင်းပြီးသူ နိုင်ငံ့ဝန်ထမ်း တဦးဟာ တရားဥပဒေအရ ကလေးတွေကို အုပ်ထိန်းခွင့် ရှိသူဖြစ်လျက် ကလေးတွေကို ငွေကြေးထောက်ပံ့ နေသူဖြစ်ပြီး အခမဲ့ ဝန်ထမ်းအိမ်ရာကို မရပါက သူ့ရဲ့ မူရင်းလစာရဲ့  ၈ ရာခိုင်နှုန်း ခံစားခွင့် ရမယ်လို့ ဆိုပါ တယ်။

လူပျို၊ အပျို အပါအဝင် မုဆိုးမ၊ မုဆိုးဖို သို့မဟုတ် လင်မယား ကွာရှင်းပြီး ကလေး မရှိတဲ့ နိုင်ငံဝန်ထမ်း(အမြဲတမ်း)တွေ အနေနဲ့ အခမဲ့ ဝန်ထမ်းအိမ်ရာ မရရှိပါက သူတို့ရဲ့ မူရင်းလစာရဲ့ ၄ ရာခိုင်နှုန်းအား အပိုခံစားခွင့် ရမယ်လို့ စစ်ကောင်စီက မက်လုံး ပေးထားပါတယ်။

စစ်ကောင်စီရဲ့ အခုလို မက်လုံးပေး ဆွဲဆောင်မှုက လက်ရှိ ကျပ်တည်းနေတဲ့ အခြေခံကုန်ဈေးနှုန်း ကြီးမြှင့်မှုနဲ့အတူ နေထိုင် စရိတ်အတွက် တစုံတရာ ပြောပလောက်အောင် ပြောင်းလဲမှု မရှိနိုင်ဘူးလို့ CDM လှုပ်ရှားမှုထဲမှာ ပါဝင်တဲ့ ဝန်ထမ်းတွေက ဆိုပါတယ်။

CDM လှုပ်ရှားမှုပါဝင်တဲ့ ဝန်ထမ်းတချို့က “သူတို့မက်လုံးပေးထားတဲ့ဟာက မူရင်းလစာရဲ့ ၈ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်းပေါ့နော်။ ဒီတော့ အောက်ခြေဝန်ထမ်း တွေရဲ့လစာကို စပြောပြမယ်။ အငယ်တန်းစာရေး တဦးရဲ့လစာက ၁ သိန်းခွဲ ကနေ ၁ သိန်း ၇ သောင်း ရှိတယ်။ အကြီးတန်း စာရေး တဦးရဲ့ လစာက ၁ သိန်း ၈ သောင်း ကနေ ၂ သိန်း ဝန်းကျင် ရှိတယ်။ အဲ့တော့ အကြီးတန်းစာရေးလစာ ၂ သိန်း ပဲထားဦး။ သူ့မူရင်းလစာရဲ့ ၈ ရာခိုင်နှုန်းဆိုရင် ထောက်ပံ့ငွေ ၁၆၀၀၀ ကျပ်ရမယ်။ တကယ်လို့ ၄ ရာခိုင်နှုန်းဆိုရင် ထောက်ပံ့ငွေ ၈၀၀၀ ကျပ် ရမယ်။ အငယ်တန်းစာရေးလစာ ၁ သိန်း ၇ သောင်းနဲ့တွက်ရင် ၈ ရာခိုင်နှုန်းအတွက်က ထောက်ပံ့ငွေ ၁၃၆၀၀ ကျပ် ရမယ်။ ၄ ရာ ခိုင်နှုန်းဆိုရင် ၆၈၀၀ ကျပ်ပဲ ရမယ်။ ဆိုတော့ ဒီနှုန်းထားနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းနဲ့ယှဉ်ရင် ဘာမျှ ပြောပလောက်တဲ့ဟာ မရှိဘူးနော်။ ဒါပေမဲ့ တခုရှိတာက အခမဲ့ဝန်ထမ်းအိမ်ရာ ရတဲ့သူတွေအတွက်ပဲ နေရေးထိုင်ရေးက အဆင်ပြေတာလေ။ ဒါကြောင့် ဝန်ထမ်းအိမ်ရာမှာ နေနေရတဲ့သူတွေက CDM ထဲမှာ ပါတဲ့သူက နည်းတယ်။ ဒါကလည်း သူတို့ကို အပြစ်ပြောလို့တော့ မရပါဘူး။ သူတို့လည်း သူတို့ မိသားစု အခက်အခဲ ရှိ မှာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာဆိုရင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအလိုက် အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ပါးစေ အကျင့်ပျက်ဝန်ထမ်းတွေကို နာမည်၊ ရာထူးနဲ့တကွ ထုတ်ပြန်ကာ အမည်ပျက်စာရင်းသွင်းတာ၊ ထုတ်ပယ်တာတွေ လုပ်ဆောင်နေသလို တခြားတဖက်မှာလည်း CDM ဝန်ထမ်းတွေရဲ့ စားဝတ်နေမှုအတွက် ထောက်ပံ့ကူညီရေးတွေ လုပ်ဆောင်ပေးနေတာရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013