DVB Logo
Home
မြန်မာသတင်း
လောင်းရှည်ဒေသတိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာပြီး ပြန်လည်ဆုတ်ခွာ
DVB
·
July 24, 2022
လောင်းရှည်ဒေသတိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာပြီး ပြန်လည်ဆုတ်ခွာ
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် လောင်းရှည်ဒေသမှာ ဇူလိုင် ၁၉ ကနေ ၂၃ ရက်အထိ ၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကအထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ လောင်းရှည် LSR-PDF (YRPA) က ပြောပါတယ်။

LSR-PDF ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ နဂါးပွက်တောင်ကို ဇူလိုင် ၁၉ ရက်နေ့က စစ်ကောင်စီက အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာလို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ခုခံတိုက်ခိုက်ခဲ့တယ်လို့ LSR-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မာဂက ဒီဗွီဘိကိုပြောတယ်။

“အဲဒီ စစ်(...)တွေ အရေအတွက်ဘယ်လောက် ထိခိုက်သေဆုံးတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူး။ ဆိပ်ဖြူမြို့နယ် ကန်ဇွန်းမဆေးရုံမှာတော့ ဒဏ်ရာရရှိသွားတဲ့ စစ်(...)တွေ အများအပြားဆေးကုနေတယ်လို့ သတင်းရတယ်။ သူတို့စစ်ကြောင်းထိုးလာတော့ နဂါးပွက်တောင်မှာရှိတဲ့ LSR-PDF ရဲ ကင်းစခန်းတခုကို ယာယီဆုတ်ခွာပေးခဲ့ရပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ။ အဲဒီစခန်းကနေ မကျော်နိုင်အောင် ညီနောင်တပ်ဖွဲ့တွေနဲ့ ခုခံတိုက်ခိုက်ခဲလို့ မနေ့က ဇူလိုင်လ ၂၃ ရက်နေ့မှာ စစ် (-) တွေ ပြန်လည်ဆုတ်ခွာသွားပြီး အဲဒီကင်းစခန်းကို ပြန်ရရှိခဲ့တယ်။” 

အဲဒီတိုက်ပွဲကို LSR-PDF (YRPA)၊PDF-ဆော တပ်ရင်း(၁)၊ PDF-ဆော တပ်ရင်း(၂)-YRPA၊ စေရာတပ်ဖွဲ့၊ စလင်းတပ်ဖွဲ့၊ PPC တပ်ဖွဲ့၊ ညောင်ရမ်းတပ်ဖွဲ့နဲ့ အေးချမ်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

လောင်းရှည်ဒေသအတွင်းကို ဆိပ်ဖြူနဲ့ဆောနယ်ဘက်က ကျေးရွာတွေက ဒေသခံပြည်သူ ၇၀၀ လောက် စစ်ဘေးရှောင်လာလို့ LSR-PDF ကပဲ စားဝတ်နေရေးတွေ စီစဥ်ပေးထားရပြီး ရေရှည်ရပ်တည်ဖို့ ခက်ခဲတာကြောင့် နေရပ်ကို ပြန်ပို့နိုင်အောင် စီစဥ်နေတယ်လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ဆိပ်ဖြူမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ ဒေသခံပြည်သူ ၁၀၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရကာ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့  သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ခု နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့အထိ နိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ ၇၈၃,၄၀၀ ရှိတယ်လို့ UN OCHA Myanmar က ဇူလိုင် ၂၀ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013