DVB Logo
Home
မြန်မာသတင်း
ကင်မွန်းခြုံကျေးရွာကို စစ်ကောင်စီက ဒုတိယအကြိမ် မီးရှို့
DVB
·
July 22, 2022
ကင်မွန်းခြုံကျေးရွာကို စစ်ကောင်စီက ဒုတိယအကြိမ် မီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကင်မွန်းခြုံကျေးရွာရှိ နေအိမ်တွေကို စစ်ကောင်စီတပ်က ဇူလိုင် ၂၂ ရက်မှာ ဒုတိယအကြိမ် ထပ်မံမီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေသည့် မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ ကင်မွန်းခြုံကျေးရွာကို ဇူလိုင် ၂၁ရက်နေ့ကတည်းက စစ်ကောင်စီတပ်များ ဝင်ရောက်လာကာ  ကျေးရွာအလယ်ပိုင်းရှိ နေအိမ်အချို့ကို မီးစတင်ရှို့ခဲ့ပြီးနောက် အဲ့ဒီရွာမှာ တပ်စွဲကာ ဒီနေ့မနက် ၁၀ နာရီဝန်းကျင်ကစပြီး ဒုတိယအကြိမ် မီးရှိုနေတယ်လို့ ဆိုပါတယ်။

“တော်လှန်ရေးမှာ နာမည်ရှိတဲ့အိမ်တွေ လိုက်ရှို့တာထင်တယ်။ ကျနော်တို့အိမ်ကတော့ မနေ့ကတည်းကပါသွားပြီးထင်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မနေ့က ရွာလယ်ရှိ နေအိမ် ၁၀ လုံးလောက် မီးရှို့ခံခဲ့ရပြီး ဒီနေ့ထပ်မံမီးရှို့မှုကြောင့် နေအိမ်ဘယ်နှလုံး လောင်ကျွမ်းတယ်ဆိုတာ လက်ရှိအချိန်ထိ မသိ‌ရသေး အဝေးကနေသာ လှမ်းကြည့်နေရတာလို့ ဆိုပါတယ်။

အဲ့ဒီ ကင်မွန်းခြုံကျေးရွာက ဒေသခံတွေဟာ ထွက်ပြေးတိမ်း‌ ရှောင်နေကြရပြီး ရွာထဲမှာ စစ်ကောင်စီတပ်သားတွေ ရှိနေတာကြောင့် ရွထဲပြန်မဝင်ရဲ‌ကြသေးဘဲ မိုးကရွာနဲ့ နေထိုင်စရာအတွက် ဒုက္ခရောက်နေတယ်လို့ ဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကင်မွန်းခြုံကျေးရွာနေ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013