
စပါးအသင်းဟာ ဘရိုက်တန်နည်းပြဟောင်း ရော်ဘာတို ဒီဇာဘီကို ၅ နှစ်စာချုပ်နဲ့ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
ဒီဇာဘီဟာ အခုရာသီမှာ စပါးအသင်းရဲ့ တတိယမြောက်နည်းပြ ဖြစ်လာပြီး အသင်းကို ပရီးမီးယားလိဂ်မှာဆက်ရှိနေအောင် ကယ်တင်ဖို့အတွက် နောက်ဆုံး ၇ ပွဲသာ အချိန်ရပါတော့တယ်။
လက်ရှိမှာ စပါးအသင်းဟာ အဆင့် ၁၇ နေရာမှာ ရှိနေပြီး တန်းဆင်းဇုန်နဲ့ ၁ မှတ်သာ ကွာဟပါတော့တယ်။
ဒါ့အပြင် ၂၀၂၆ ခုနှစ်အတွင်းမှာလည်း လိဂ် နိုင်ပွဲတပွဲမှ မရသေးတာကြောင့် အခြေအနေ တော်တော်လေး ဆိုးရွားနေတာပါ။
အားကစားဒါရိုက်တာ ယိုဟန်လန်းကတော့ ဒီဇာဘီဟာ သူတိုရဲ့ နွေရာသီအတွက် နံပါတ်တစ် ပစ်မှတ်ဖြစ်ပေမဲ့ အခုကတည်းက ကြိုတင်ခေါ်ယူနိုင်ခဲ့တာကို ဝမ်းသာတယ်လို့ ဆိုပါတယ်။
ဒီဇာဘီရဲ့ စပါးနည်းပြဘဝ ပထမဆုံးပွဲစဉ်အဖြစ် ဧပြီ ၁၂ ရက်မှာ ဆန်းဒါးလန်းအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး၊ နောက် ၆ ရက်အကြာမှာတော့ သူ့ရဲ့အသင်းဟောင်း ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။










