DVB Logo
Home
မြန်မာသတင်း
နယ်ဒါးမြ ဦးဆောင်သည့် ကော်သူးလေတပ်မတော်ကို လုံးဝလက်မခံဟု KNLA ကြေညာ
DVB
·
July 20, 2022
နယ်ဒါးမြ ဦးဆောင်သည့် ကော်သူးလေတပ်မတော်ကို  လုံးဝလက်မခံဟု   KNLA ကြေညာ
Donate to DVB

ဗိုလ်မှူးချုပ် နယ်ဒါးမြ ဦးဆောင်ဖွဲ့စည်းလိုက်တဲ့ ကော်သူးလေတပ်မတော် (KAW THOO LEI ARMY)ကို လုံးဝလက်မခံတဲ့အကြောင်း  ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဇူလိုင် ၂၀ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

စစ်ဦးစီးချုပ်အဖြစ် စောနယ်ဒါးမြက လက်မှတ်ထိုးပြီးဖွဲ့စည်းတည်ထောင်လိုက်တဲ့  (KAW THOO LEI ARMY) သို့မဟုတ် ကော်သူးလေတပ်မတော်ဟာ ကျိုးကြောင်းဆီလျှော်မှုမရှိဘဲ ထွက်ပေါ်လာတဲ့အတွက် မိမိတို့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ကရင့်အမျိုးသားကာကွယ်ရေး အဖွဲ့အစည်း (KNDO) အနေနဲ့ လုံးဝ ယုံကြည်လက်ခံမှု မပြုနိုင်ကြောင်း ထုတ်ပြန်လိုက်တာပါ။

ကော်သူးလေတပ်မတော် ဖွဲ့စည်းတာဟာ KNLA/KNDO ခေါင်းဆောင် တပ်မှူးတွေရဲ့ အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်ပြီး မိမိတို့ တပ်မတော်တွင်း ထင်ယောင်ထင်မှားဖြစ်အောင် တမင်တကာ ဖန်တီးဖွဲ့စည်းခြင်းသာဖြစ်ပြီး  (KNLA/KNDO) ရဲ့သဘောထားလုံးဝ မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကေအန်ယူနယ်မြေအတွင်းရှိ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး တခုတည်းသော တပ်မတော်ဖြစ်ပေါ်နိုင်ရေးအတွက် တပ်မတော်တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဝတ်စုံ ရင်ဘတ်အိတ်ဖုံးအပေါ်မှာ ကော်သူးလေတပ်မတော် တံဆိပ်အမှတ်အသားကို တူညီဝတ်စုံအဖြစ် ဦးစွာတပ်ဆင်သွားဖို့ ဆုံးဖြတ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။

KNU ရဲ့လမ်းညွှန်ရှေ့ဆောင်မှု KNLA/ KNDO ခေါင်းဆောင် တပ်မှူး/ တပ်ဗိုလ်တွေရဲ့ ဆန္ဒသဘောထားမပါဘဲ တစုတဖွဲ့ တဦးတယောက်ရဲ့ ဆန္ဒသဘောထားနဲ့သာ ဖွဲ့စည်းလိုက်တဲ့ ကော်သူးလေတပ်မတော (KAW THOO LEI ARMY)ကို လုံးဝ လက်ခံအသိအမှတ်ပြုမှာမဟုတ် ကြောင်းလည်း ဆိုပါတယ်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ်နယ်ဒါးမြက ကော်သူးလေတပ်မတော်အမည်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ကို  ဇူလိုင် ၁၇ ရက်က စတင် တည်ထောင်လိုက်တာပါ။လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကိုတော်လှန်ဖို့နဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီ တပ်မတော်ပြုတ်ကျရေး တိုက်ပွဲဝင်သွားဖို့ဖြစ်တယ်လို့ ဗိုလ်မှူးချုပ်နယ်ဒါးမြက  ဇူလိုင် ၁၉ ရက်နေ့ရက်စွဲနဲ့  ကရင်ဘာသာနဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013