DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့အင်အားအကြီးဆုံး ပတ်စ်ပို့များစာရင်းတွင် အာရှ ၃ နိုင်ငံထိပ်ဆုံးရပ်တည်၊ မြန်မာက အဆင့် ၉၉ ရှိနေ
DVB
·
July 20, 2022
ကမ္ဘာ့အင်အားအကြီးဆုံး ပတ်စ်ပို့များစာရင်းတွင် အာရှ ၃ နိုင်ငံထိပ်ဆုံးရပ်တည်၊ မြန်မာက အဆင့် ၉၉ ရှိနေ
Donate to DVB

ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံကူးလက်မှတ် ပတ်စ်ပို့တွေ စာရင်းမှာ အာရှဒေသတွင်း ၃ နိုင်ငံ ဖြစ်တဲ့ ဂျပန်၊ စင်ကာပူနဲ့ တောင်ကိုရီးယားနိုင်ငံတွေက ထိပ်ဆုံးက ရပ်တည်နေပြီး စစ်အာဏာသိမ်းမှုနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကတော့ အဆင့် ၉၉ နေရာမှာ ရှိနေပါတယ်။

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကြံပေးကုမ္ပဏီတခုဖြစ်တဲ့ Henley & Partners က နှစ်စဉ် ထုတ်ပြန်တဲ့ ဟင်နလေပတ်စ်ပို့အညွှန်းကိန်းမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး နိုင်ငံတခုရဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့တွေ ကိုင်ဆောင်သူတွေအနေနဲ့ တခြားနိုင်ငံတွေဆီ ဗီဇာကင်းလွတ်ခွင့်နဲ့ သွားရောက်လည်ပတ်နိုင်မှုအပါအဝင် ဝင်ထွက်ခွင့်လွယ်ကူမှုတွေအပေါ် တိုင်းတာတွက်ချက်ထုတ်ပြန်တာ ဖြစ်ပါတယ်။

အခုနှစ် ၂၀၂၂ ခုနှစ်စာရင်းမှာတော့ ဂျပန်နိုင်ငံက နိုင်ငံပေါင်း ၁၉၃ နိုင်ငံကို ဗီဇာမလိုဘဲ သွားရောက်နိုင်တဲ့ ထိပ်ဆုံးအဆင့် ကမ္ဘာ့အင်အားအကြီးဆုံး ပတ်စ်ပို့ဖြစ်လာခဲ့ပြီး စင်ကာပူနဲ့ တောင်ကိုရီးယားနိုင်ငံတွေကတော့ နိုင်ငံပေါင်း ၁၉၂ နိုင်ငံကို ဗီဇာမလိုဘဲ သွားရောက်နိုင်တာမို့ ဒုတိယနေရာမှာ အသီးသီး ရပ်တည်နေတာပါ။

ယူကေနိုင်ငံကတော့ အဆင့် ၆ နေရာမှာ ရှိနေပြီး သူ့ပတ်စ်ပို့နဲ့ နိုင်ငံပေါင်း ၁၈၇ နိုင်ငံကို ဗီဇာမလိုဘဲ သွားရောက်နိုင်ပြီး အမေရိကန်နိုင်ငံကတော့ နိုင်ငံပေါင်း ၁၈၆ နိုင်ငံကို ဗီဇာမလိုဘဲ သွားရောက်နိုင်တာမို့ အဆင့် ၇ နေရာမှာ ရှိနေပါတယ်။

ရုရှားနိုင်ငံကတော့ နိုင်ငံပေါင်း ၁၁၉ နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်နဲ့ သွားရောက်လည်ပတ်နိုင်တာမို့ အဆင့် ၅၀ နေရာမှာ ရှိနေပြီး တရုတ်နိုင်ငံကတော့ အဆင့် ၆၉၊ အိန္ဒိယနိုင်ငံက အဆင့် ၈၇ နဲ့ အခုနှစ်ရဲ့ ကမ္ဘာ့အင်အား အကြီးဆုံး ပတ်စ်ပို့တွေစာရင်းမှာ အာဖဂန်နစ္စတန်နိုင်ငံက နိုင်ငံပေါင်း ၂၇ နိုင်ငံကိုသာ ဗီဇာမလိုဘဲ သွားရောက်နိုင်တာမို့ အောက်ဆုံးအဆင့်မှာ ရှိနေတာပါ။

တခြားအာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံကတော့ အဆင့် ၇၀၊ ကမ္ဘောဒီးယားနိုင်ငံက အဆင့် ၉၃၊ လာအိုက အဆင့် ၉၅ နဲ့ မြန်မာကတော့ အဆင့် ၉၉ နေရာတွေမှာ အသီးသီး ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013