DVB Logo
Home
မြန်မာသတင်း
မောင်တောမြောက်ပိုင်းသို့ INGO၊ NGO အဖွဲ့များ သွားလာခွင့် ယာယီရပ်ဆိုင်း
DVB
·
July 16, 2022
မောင်တောမြောက်ပိုင်းသို့  INGO၊ NGO အဖွဲ့များ သွားလာခွင့် ယာယီရပ်ဆိုင်း
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းသို့  INGO၊ NGO အဖွဲ့အစည်းတွေရဲ့ ခရီးသွားလာခွင့်ကို စစ်ကောင်စီက ယာယီ ရပ်တန့်လိုက်တဲ့အတွက် မြန်မာနိုင်ငံကြက်ခြေအသင်းရဲ့ ဇူလိုင် ၁၆ ရက် ဒီနေ့ ခရီးစဥ်ကို ဖျက်သိမ်းလိုက်ရပါတယ်။

မောင်တောမြို့နယ် ကြက်ခြေနီရုံး တာဝန်ရှိသူတစ်ဦးက "မနေ့ကပြုလုပ်တဲ့ နယ်လုံအစည်းအဝေး ဆုံးဖြတ်ချက်နဲ့ မောင်တောမြောက်ပိုင်းကို သွားလာခွင့်တွေ မပြုတော့တာပါ။  ဒီနေ့ခရီးစဥ်တွေအားလုံး ဖျက်သိမ်းလိုက်ရတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းဟာ မောင်တောမြောက်ပိုင်းမှာ ဒေသခံပြည်သူတွေအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းတွေနဲ့  ရွှေ့လျားဆေးကုသမှုတွေကို ကျေးရွာ ၃၀ ကျော်မှာ ပြုလုပ်ပေးနေတာပါ။

အခုလို UN၊NGO၊INGO အဖွဲ့တွေရဲ့ လုပ်ငန်းတွေ ရပ်တန့် လိုက်တာကြောင့် ဝေးလံခေါင်ဖျားတဲ့ မောင်တောမြောက်ပိုင်းဒေသက ပြည်သူတွေ အခက်အခဲ့များစွာ ကြုံတွေ့လာနိုင်တယ်လို့ ဒေသတွေထံက သိရပါတယ်။

ဒေသခံ တဦးက "မောင်တောမြောက်ပိုင်းက ကျေးရွာတွေက WFP နဲ့ ICRC က ရိက္ခာထောက်ပံ့မှုနဲ့ ၂၀၁၇ ခုနှစ်ကတည်းက ရပ်တည်နေကြတာ။ အခုလို တားဆီးလိုက်တယ် ဆိုတော့ ငတ်လို့ သေကြရုံပါပဲ" လို့ပြောပါတယ်။

ဇူလိုင် ၁၅ ရက်က စစ်တွေမြို့မှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာအစည်းအဝေးမှာ မောင်တောမြို့နယ်မြောက်ပိုင်းသို့ UN အဖွဲ့အစည်းတွေ အပါအဝင် NGO၊ INGO အဖွဲ့တွေနဲ့ အစိုးရဝန်ထမ်းတွေပါ ခရီးသွားခွင့် ယာယီ ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သက်ဆိုင်ရာ INGO အဖွဲ့တွေထံက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013