ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာအနီး ဇူလိုင် ၁၃ ရက် ဒီနေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ငါးယောက်လောက် သေဆုံးသွားတယ်လို့ ဖယ်ခုံ PDF က ပြောပါတယ်။
ဆောင်နန်းခဲကျေးရွာ အရှေ့ဘက်တောင်ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF က သွားရောက် တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဖယ်ခုံ PDF တပ်ရင်း ၂ ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
“PDF ရင်း ၂ က သွားတိုက်တာ စကစ ၅ ဦးလောက်အနည်းဆုံး သေဆုံးပြီး ဒဏ်ရာရတာတွေလည်း ရှိတယ်။”
ဒီလို တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် စကခ ၇ ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း ပြောပါတယ်။
ဆောင်နန်းခဲကျေးရွာအနီး ပြီးခဲ့တဲ့ မေလလယ်လောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မေလ ၁၆ ရက်နေ့မှာ ဆောင်နန်းခဲကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အဲဒီအချိန်ကတည်းက ဒေသခံတွေဟ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတာမှာ အခုအချိန်အထိ အိမ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။