DVB Logo
Home
မြန်မာသတင်း
သံတောင်တွင် စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် ၂၃ ဦး သေဆုံး
DVB
·
July 13, 2022
သံတောင်တွင် စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် ၂၃ ဦး သေဆုံး
Donate to DVB

ကရင်ပြည်နယ်၊ သံတောင် ၁၃ မိုင်၊ ပျားစခန်းကျေးရွာအထွက်မှာ ဇူလိုင် ၁၂ ရက် မနက် ၁၁ နာရီက အင်အား ၇၀ ပါ စစ်ကောင်စီယာဉ်တန်းကို သံတောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က စောင့်ဆိုင်း မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီအရာရှိအပါအဝင် ၂၃ ဦးကျဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သံတောင် PDF တာဝန်ရှိသူက ပြောပါတယ်။

ဘောကလိကနေ ခြေလျင်ထွက်ခွာလာတဲ့ အင်အား ၇၀ ပါစစ်ကြောင်းဟာ သံတောင် ၁၃ မိုင်ကနေ စစ်ကား ၄ စီးနဲ့ဆင်းအလာ ပျားစခန်းကျေးရွာအရောက်မှာ PDF တပ်ဖွဲ့တွေက စောင့်ဆိုင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

သံတောင် PDF တာဝန်ရှိသူက “သံတောင် ၁၃ မိုင်အထွက် ပျားစခန်းရွာကနေ ကျနော်တို့အဖွဲ့က စောင့်ဆိုင်းပြီး မိုင်းဆွဲတိုက်ခိုက်ခိုက်ခဲ့တာ။ ကား ၂ စီးကတော့ ကျနော် ဝိုင်းပစ်တာ။ ဗိုလ်ကြီး အပါအဝင် ၂၃ ဦးနဲ့ ဒဏ်ရာရရှိသူများတယ်လို့ သတင်းအတိအကျကတော့ ဖရဲသီးတွေဆီက သိရတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကား ၂ စီး ပျက်စီးခဲ့သလို ဗိုလ်ကြီးအဆင့် အပါအဝင် အကျအဆုံးများတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပျက်စီးသွားတဲ့ ကား ၂ စီးကို လာဆွဲစဉ် PDF တွေက တိုက်ခိုက်လာရင် ပျားစခန်းကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်မယ်ဆိုပြီး ကျေးရွာသားတွေကို ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၇ ရက် ညနေ့ ၃ နာရီလောက်က သံတောင်မြို့နယ်၊ ၁၆ မိုင် ရေပူစခန်းအောက် (သံတောင်-သံတောင်ကြီး) ကားလမ်းဘေးမှာ သံ‌တောင်ကြီး ဘုရင့်နောင်တပ်နယ်မှူး လိုက်ပါလာတဲ့ ကား ၂ စီးကို စောင့်ဆိုင်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီရဲ့ တပ်ကြပ်အဆင့်အပါအဝင် တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။

မတ် ၈ ရက် မနက်ကလည်း သံတောင်ကြီးမြို့နယ် သောက်ရေခပ်ကျေးရွာနဲ့ သကွဲပလိုကျေးရွာအကြားမှာ စစ်ကောင်စီရဲ့ လစာနဲ့ရိက္ခာပို့ စစ်ယာဉ်တန်းကား ၅ စီးဟာ အမည်မသိလက်နက်ကိုင်အဖွဲ့ရဲ့ ကြားဖြတ်တိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေဟာ ကဆောပလို အောက်ကျေးရွာအတွင်း ဝင်ရောက်ပြီး ဒေသခံရွာသားတဦးကို ပစ်သတ်ခဲ့သလိ ကက်သလစ် ဘုရားကျောင်းပိုင်ဆိုင်ပစ္စည်းတွေနဲ့ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အရာရှိအပါအဝင် စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သံတောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စနိုက်ပါနဲ့ ပစ်ခတ်ခံရတာ၊ စောင့်ဆိုင်းပစ်ခတ်ခံရတဲ့အတွက် သေဆုံးသူတွေ ရှိခဲ့သလို ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေရဲ့ ယာဉ်တန်းတွေနောက်ကနေ ကပ်လိုက်တာ၊ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ အဝေးကနေ ရှောင်နေပေးဖို့ သံတောင် PDF တပ်ဖွဲ့က ထပ်မံသတိပေးတိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013