DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်၌ စစ်ကောင်စီတပ်သား ၅ ဦး အာဏာဖီဆန် CDM ဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံ
DVB
·
July 11, 2022
ကရင်ပြည်နယ်၌ စစ်ကောင်စီတပ်သား ၅ ဦး အာဏာဖီဆန် CDM ဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံ
1 / 2
Donate to DVB

စစ်ကောင်စီ တပ်မ ၄၄ ၊ တပ်ရင်း ၁၀၂ မှ စစ်သား ငါးယောက် အာဏာဖီဆန် CDM ဝင်လာပြီး ပြည်သူ့ရင်ခွင့်ခိုလှုံလာတဲ့အတွက်  ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က လွတ်‌မြောက် နယ်မြေသို့ ပို့ဆောင်လိုက်ပါတယ်။

CDM ဝင်လာတဲ့ စစ်ကောင်စီတပ်သား ငါးယောက်ကတော့  ဇော်ထက်အောင်၊ အောင်ကျော်ထူး၊ အောင်ငြိမ်းချမ်း၊ အောင်အောင်နဲ့ ရဲမြင့်မြတ် တို့ဖြစ်ကြပြီး အသက်အရွယ်အားဖြင့် အသက် ၁၇ နှစ်မှ  ၂၇ နှစ် အထိရှိကြောင်း ကေအန်ယူ သတင်းရင်းမြစ်ကနေ သိရပါတယ်။ 

အဆိုပါ စစ်သား ငါးယောက်ဟာ ရခိုင်ပြည်နယ်မှ မကွေးတိုင်းသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ရပြီးနောက် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဥကရစ်ထဘက်သို့ ပို့ဆောင်ခံရပြီး ဖလူးရွာဘက်ကနေ ထွက်ပြေးလာကြတာဖြစ်ပါတယ်။

ခမရ ၁၀၂ ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိတယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

အဆိုပါ တပ်သားတွေဟာ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ ကော်ဘရာစစ်ကြောင်းတို့အကြား ဖြစ်ပွားနေတဲ့ မြဝတီ-ဝေါ်လေ ကားလမ်းမပေါ် သုံးထပ်ကွေ့က တိုက်ပွဲတွေအတွင်း ထွက်ပြေးလွတ်မြောက်ခဲ့ကြတာ ဖြစ်ကာ လတ်တလောမှာတော့ သူတို့ကို လိုအပ်တဲ့ ဆေးကုသမှုတွေ ဆောင်ရွက်ပေးထားပြီး ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အန္တရာယ်ကင်းရှင်းပြီး၊ လုံခြုံတဲ့ နေရာမှာ ထားရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ ခမရ(၂၀၇)၊ ခလရ(၈)၊ ခမရ(၂၀၄)၊ ခမရ(၉) ၊ ခမရ(၁၀၂) နဲ့ လက်ရုံးတပ်ဖွဲ့တွေ၊ ဗိုလ်မုတ်သုန် ဦးစီးတဲ့ BGF အင်အား ၁၀၀ လောက်  ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ ဖလူးလေး၊ ဖလူးကြီးဒေသမှာ စုဖွဲ့ကာ မြဝတီ-ဝေါ်လေကားလမ်းတလျှောက် ဒေသတွေကို ကျူးကျော်ဖို့ ကြိုးစားလာခဲ့ချိန်မှာ စစ်ကောင်စီတပ်တွေနဲ့ ကော်ဘရာစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဥကရစ်ထစခန်းမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA၊ KNDO တပ်တွေနဲ့ ပူးပေါင်းတိုက်ဖွဲ့တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန် CDM ဝင်ရောက်လာတဲ့ ရဲနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိနဲ့ စစ်သည်အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013