DVB Logo
Home
မြန်မာသတင်း
ပင်းတယမြို့နယ်ဦးစီးမှူးပါလာသည့် စစ်ယာဥ်တန်း မိုင်းဆွဲခံရ၊ စစ်ကားနှစ်စီးပျက်စီး
DVB
·
July 11, 2022
ပင်းတယမြို့နယ်ဦးစီးမှူးပါလာသည့် စစ်ယာဥ်တန်း မိုင်းဆွဲခံရ၊ စစ်ကားနှစ်စီးပျက်စီး
Donate to DVB

ရွာငံ-ပင်းတယလမ်းပိုင်း၊ ညောင်ကုန်းနဲ့လက်ပံကြားမှာ ရွာငံ ပင်းတယမြို့နယ် ဦးစီးမှူး လိုက်ပါလာတဲ့ စစ်ယာဥ်တန်း ဇူလိုင် ၁၀ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကားနှစ်စီး ပျက်စီးသွားတယ်လို့ ကျောက်ဆည်နဂါးနီပျောက်ကျားတပ်ဖွဲ့က ပြောပါတယ်။ 

ရွာငံမြို့က ပြန်လာတဲ့ မြို့နယ်ဦးစီးမှူး ဦးအာကာလင်း လိုက်ပါလာတဲ့ စစ်ယာဥ်တန်း ၇ စီးကို ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ကျောက်ဆည်နဂါးနီပျောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ​ပြောပါတယ်။ 

"သူတို့ကားတွေ လာမယ်လို့ သတင်းရထားလို့ အမြန်စီစဥ်လိုက်ရတယ်။ ပ​​ဒေသာမိုင်း ၁၅ လုံးနဲ့ မိုင်းဆွဲခဲ့တယ်။ ကားက နောက်ဆုံးကားနှစ်စီးထိသွားတယ်၊ နေရာတင် ထိုးရပ်သွားတာ။” 

ရွာငံနဲ့ ပတ်ဝန်းကျင်က လူနာတင်ကားတွေနဲ့ ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေကို ကုတင် ၇၀၀ စစ်ဆေးရုံကို ခေါ်ဆောင်သွားပြီး ဘယ်နှယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်ဆို မသိရသေးသလို မြို့နယ်ဦးစီးမှူး ဦးအာကာလင်းရဲ့ကား ထိခိုက်မှုရှိမရှိဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ် စစ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် ညနေပိုင်းကစပြီး မနက်အထိ လမ်းပိတ်ထားတယ်လို့​ပြောပါတယ်။ 

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကို ကျောက်ဆည်နဂါးနီပျောက်ကျားတပ်ဖွဲ့ နဲ့ ရွာငံပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ကျောက်ဆည်နဂါးနီပျောက်ကျားတပ်ဖွဲ့က ဇူလိုင် ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013