DVB Logo
Home
မြန်မာသတင်း
BGF တပ်ဖွဲ့ဝင်များ စစ်ကောင်စီတပ်နှင့်အတူ အကြမ်းဖက်မှုများ ကျူးလွန်နေ
DVB
·
July 11, 2022
BGF တပ်ဖွဲ့ဝင်များ စစ်ကောင်စီတပ်နှင့်အတူ အကြမ်းဖက်မှုများ ကျူးလွန်နေ
Donate to DVB

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင်တွေဟာ ကိုယ်လူမျိုးတောင် မရှောင်တော့တဲ့ အကြမ်းဖက်ရက်စက်တဲ့အဆင့်ကို ရောက်နေပြီလို့ ကေအန်ယူ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဒေသခံအရပ်သားပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ ပေါ်တာအဖြစ် အတင်းအဓမ္မခိုင်းစေတာ၊ ငွေကြေးအတင်းအဓမ္မကောက်ခံတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ကေအန်ယူက ဆိုပါတယ်။

ဒါ့အပြင် BGF တပ်ဖွဲ့ဝင်တွေဟာ တပ်စခန်းတွေကနေ ဒေသခံတွေရဲ့ကျေးရွာတွေအတွင်းနဲ့ လုပ်ငန်းခွင်အတွင်းကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒီကနေ့အထိ ကေအန်ယူထိန်းချုပ်နယ်မြေအတွင်းကို ကျူးကျော်ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားတာတွေ လုပ်ဆောင်လာတဲ့အတွက် ကေအန်ယူ လက်အောက်ခံပူးပေါင်းတပ်တွေနဲ့  နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဇွန်လအတွင်းက စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့် (BGF) ပူးပေါင်းတပ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ် ၇၅ အိမ်၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ စာသင်ကျောင်း ၂ ကျောင်း ထိမှန်ပျက်စီးခဲ့သလို လူနေအိမ် ၆၁ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒါ့အပြင် ဒေသခံအရပ်သားတွေကို ပစ်သတ်တာ၊ လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့တဲ့အတွက် သံဃာတော် ၁ ပါးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၁၂ ယောက်သေဆုံးခဲ့သလို သံဃာတော် ၁ ပါးအပါအဝင် ၁၅  ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၅၊ ဗိုလ်မှူးကြီး စောကလယ်ဒို(ပြောရေးဆိုခွင့်ရှိသူ)က”စစ်အာဏာရှင်ကို သစ္စာခံပြီး သူတို့လည်းစစ်အာဏာရှင်လိုပဲ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ထားမျိုးနဲ့ ကိုယ့်လူမျိုးတောင်ကိုယ်မရှောင်တော့ ကိုယ်လူမျိုးကိုပြန်ပြီးရက်စက်တဲ့ အဆင့်ကိုရောက်ရှိလာတဲ့အခြေအနေဖြစ်သွားပြီ”လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်တွေဟာ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ကိုယ့်လူမျိုးကို မကာကွယ်နိုင်တဲ့အပြင် ကိုယ်ကျိုးစီးပွားပိုမိုလုပ်လာတယ်လို့ KNDO အထူးကွန်မန်ဒို VENOM စစ်ကြောင်းမှူးကလည်းပြောပါတယ်။

ဒါ့အပြင် ငွေကြေးရယူပြီး လောင်းကစားဝိုင်းဖွင့်တာ၊ မူးဆေးဝါးရောင်းချတာ၊ ကာစီနိုရုံဖွင့်လှစ်တာတွေနဲ့ ပြည်သူပိုင်မြေတွေကို သိမ်းယူတာတွေရှိတယ်လို့ ဆိုပါတယ်။

KNDO အထူးကွန်မန်ဒို VENOM စစ်ကြောင်းမှူး၊ ဗိုလ်မှူး စောဝင်းမြင့်က”ကရင်အချင်းချင်းစစ်မဖြစ်ချင်ပေမဲ့ အကြိမ်ကြိမ်သတိပေးထားတဲ့ကြားက ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ကိုယ့်လူမျိုးကို မကာကွယ်နိုင်တဲ့အပြင် ကိုယ်ကျိုးစီးပွားပိုမိုလုပ်လာတယ်”လို့ ပြောပါတယ်။

ဇူလိုင် ၇ ရက်က စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံ၊ ခမရ ၂၀၇ ၊ ခလရ ၈ ၊ ခမရ ၂၀၄ ၊ ခမရ ၉ ၊ ခမရ ၁၀၂ နဲ့ လက်ရုံးတပ်ဖွဲ့တွေနဲ့ ဗိုလ်မုတ်သုန် ဦးစီးတဲ့ BGF တပ်ဖွဲ့အင်အား ၁၀၀ လောက်ပါဝင်တဲ့စစ်ကြောင်းဟာ ဖလူးလေး၊ ဖလူးကြီးဒေသကတဆင့် မြဝတီ - ဝေါ်လေကားလမ်းအတိုင်း ကျူးကျော်ဝင်ရောက်ဖို့ကြိုးစားလာလို့ သုံးထပ်ကွေ့ (ဒေသအခေါ်) အရောက် ကော်ဘရာစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဆိုပါတိုက်ပွဲအတွင်း ဗိုလ်ကြီး  ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးပြီး အများအပြား ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့သလို လက်နက်ခဲယမ်းတွေပါသိမ်းဆည်းရမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၆ လတာကာလအတွင်း ကေအန်ယူနယ်မြေမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့်တပ် BGF တွေဘက်က ၂,၂၀၀ ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၁,၅၀၀ ကျော် ရှိခဲ့တယ်လို့ ဇူလိုင် ၆ ရက်က ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013