DVB Logo
Home
မြန်မာသတင်း
ပြည်ကြီးတံခွန်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတဦးအလောင်းတွေ့ ရှိ
DVB
·
July 10, 2022
ပြည်ကြီးတံခွန်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတဦးအလောင်းတွေ့ ရှိ
Donate to DVB

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ၁၃၂ လမ်း၊ ၆၉ လမ်း ၇၀ လမ်းကြားရှိ လမ်းဘေးကွမ်းယာဆိုင်နားမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတယောက်ကို တွေ့ရရှိတယ်လို့ ရွှေမဉ္ဇူပရဟိတလူမှုကူညီရေးအသင်းက ပြောပါတယ်။

ဇူလိုင် ၉ ရက် ည ၁၁ နာရီ ဝန်းကျင်လောက်က ရင်ဘတ်မှာ ဓားထိုး ဒဏ်ရာ ၅ ချက်နဲ့ သွေးအိုင်ထဲ သေဆုံးနေတဲ့အမျိုးသားတဦးအား တွေ့ရပြီး အနီးမှာ ၄၀ယ/၂၆၆၀၄ CZI အနီရောင် ဆိုင်ကယ် တစီးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရွှေမဉ္ဇူပရဟိတ လူမှုကူညီရေးအသင်း တာဝန်ရှိသူက "အသင်းကို အလုပ်ပြန်လာတဲ့ လူငယ်နှစ်ဦးက ဖုန်းအကြောင်းကြားလို့ လိုက်သွားပြီး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တာပါ။ သေဆုံးသူ အမျိုးသားရဲ့ မိသားစုတွေနဲ့ အခုမှ ဆက်သွယ်နေတုန်းပါ” လို့ ပြောပါတယ်။ 

သေဆုံးသူအမျိုုးသား ဘယ်သူဘယ်ဝါဆိုတာ မသိရသေးသလို ဘာကြောင့် အသတ်ခံရတယ်ဆိုတာ မသိရသေးပါဘူး။

မန္တလေးမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပစ္စည်းလုယက်မှုတွေ၊ ဓားပြတိုက်မှုတွေအပြင် သတ်ဖြတ်ခံရပြီး အလောင်းစွန့်ပစ်မှုတွေ နေစဉ်နီပါးကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013