DVB Logo
Home
မြန်မာသတင်း
မောင်တော ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်သို့ ငါးမြစ်ချင်းတန်ချိန် ၂,၅၀၀ ကျော် တင်ပို့
DVB
·
July 8, 2022
မောင်တော ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်သို့ ငါးမြစ်ချင်းတန်ချိန် ၂,၅၀၀ ကျော် တင်ပို့
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ မေလနဲ့ ဇွန်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ငါးမြစ်ချင်းတန်ချိန် ၂,၅၀၀ ကျော် အမေရိကန်ဒေါ်လာ ၃၁ သိန်းကျော်ဖိုး တင်ပို့နိုင်ခဲ့တယ်လို့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ တရားဝင် ကိန်းဂဏန်းတွေအရ သိရပါတယ်။

မောင်တောကုန်သည်ကြီးများအသင်း တာဝန်ရှိက “မေလနဲ့ ဇွန်လ ၂ လအတွင်းမှာ ငါးမြစ်ချင်းတန်ချိန် ၂,၅၀၀ ​ကျော်အထိ တင်ပို့နိုင်ခဲ့တယ်။ မေလထက် ဇွန်လက တင်ပို့မှု နည်းနည်းကျဆင်းတယ်” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် မေလမှာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ငါးမြစ်ချင်းတန်ချိန် ၁,၃၀၀ ကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇွန်လမှာတော့ တန်ချိန် ၁,၂၀၀ ကျော် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ သိန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ကြောင်း မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းရဲ့ တရားဝင်ကိန်းဂဏန်းတွေအရ သိရပါတယ်။

ဘင်္ဂလာဘက်ကို ငါးမြစ်ချင်းတင်ပို့နေတဲ့ ကုန်သည်တယောက်က “ငါးမြစ်ချင်းက ဇူလိုင်လမှာ သားပေါက်ချိန်ဖြစ်တယ်။ ဘင်္ဂလားကလည်း ဥပါတဲ့ငါးတွေကို မဝယ်ကြဘူး။ မြန်မာဘက်ကလည်း သားပေါက်အတွက် ထိန်းသိမ်းထားတာတွေ ရှိတဲ့အတွက် ပို့ကုန်နည်းသွားတာ ဖြစ်တယ်” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် မေလအတွင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ကန်‌ဒေါ်လာ ၂ ဒသမ၈ ၃ သန်းအထိရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဇွန်လမှာတော့ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂ ဒသမ ၃၂ သန်းအထိ ကုန်သွယ်မှုပြုနိုင်ခဲ့တယ်လို့ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းရဲ့ တရားဝင်ကိန်းဂဏန်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013