DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၇ သိန်းခွဲကျော်၊ ဖျက်ဆီးခံရသည့် နေအိမ် ၁၉,၀၀၀ ကျော်ရှိဟု ကုလပြော
DVB
·
July 7, 2022
စစ်အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၇ သိန်းခွဲကျော်၊ ဖျက်ဆီးခံရသည့် နေအိမ် ၁၉,၀၀၀ ကျော်ရှိဟု ကုလပြော
Donate to DVB

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းက အခုနှစ် ဇွန် ၂၇ ရက်အထိ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၇၅၈,၀၀၀ ယောက် အပါအဝင် မြန်မာနိုင်ငံတဝန်းမှာ ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ စုစုပေါင်း ၁ သန်းကျော် ရှိလာခဲ့ပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နိုင်ငံအနောက်မြောက်ပိုင်း တနံတလျားမှာ  ခရစ်ယာန်ဘုရားကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေ အပါအဝင် အရပ်သားနေအိမ် အနည်းဆုံး ၁၉,၃၅၀ လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်၊ 

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း နိုင်ငံအနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာ တိုက်ပွဲတွေ ပြင်းထန်လာတာတွေ အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီး အများအပြားမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာ ၁၂ ရွာက လူပေါင်း ၅,၄၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ဇွန်လလယ်က စတင်ပြီး တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်က လူ ၃,၀၀၀ ကျော်လည်း အနီးနားရှိ သစ်တောတွေနဲ့ ဘေးကင်းလုံခြုံရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ ကယားပြည်နယ်မှာတော့ ပြည်တွင်းနေရပ်စွန့်ခွာပြည်သူ ၄,၀၀၀ ကျော်ဟာ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေက သူတို့ရဲ့ မူလနေရပ်တွေကို ပြန်လည်ရောက်ရှိနေပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းထားတဲ့ ကာလဟာ ၁ နှစ်ခွဲနီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပြီး စစ်ကောင်စီဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေ၊ အပြစ်မဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေကိုလည်း မင်းမဲ့စရိုက်ဆန်ဆန် ကျူးလွန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်အရ မတရားအာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၀၆၈ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၅၀၂ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013