DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးပွဲများဖြစ်ပေါ်ရေး ဆက်ကြိုးပမ်းမည်ဟု အပစ်ရပ်အဖွဲ့များ ကြေညာ
DVB
·
July 6, 2022
နိုင်ငံရေးဆွေးနွေးပွဲများဖြစ်ပေါ်ရေး ဆက်ကြိုးပမ်းမည်ဟု အပစ်ရပ်အဖွဲ့များ ကြေညာ
Donate to DVB

နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာရေးနဲ့ အရပ်သားတွေကို အကာအကွယ်ပေးရေးတို့ကို ဆက်လက်အကောင်အထည်ဖော် ကြိုးပမ်းသွားမယ်လို့ အန်စီအေ အပစ်ရပ်လက်နက်ကိုင်အဖွဲ့တွေက ကြေညာပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)ရဲ့ အစည်းအဝေးအပြီး ဒီနေ့ ဇူလိုင် ၆ ရက်မှာ ထုတ်ပြန်ကြေညာတာဖြစ်ပြီး လက်ရှိ နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပြုရေး ကိစ္စရပ်တွေကို ဆွေးနွေးညှိနှိုင်းပြီးနောက် ဘုံသဘောထား ရပ်တည်ချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆာခွန်းနဲ့ အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၇ ဖွဲ့တို့နဲ့ နေပြည်တော်မှာ တွေ့ဆုံနိုင်ခဲ့တာဟာ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံတကာအကူအညီနဲ့ ဖြေရှင်းနိုင်ရေးအတွက် လမ်းစဖြစ်တယ်လို့ ရှုမြင်ကြောင်း ဆိုပါတယ်။

ဒါကြောင့် အဲဒီလို တွေ့ဆုံဆွေးနွေးတာတွေကို စဉ်ဆက်မပြတ် ပြုလုပ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အခင်းအကျင်းတရပ် ဖြစ်ပေါ်လာရေး၊ ပါဝင်သင့်သူတွေအားလုံး ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးနဲ့ အရပ်သားတွေကို အကာအကွယ်ပေးတာ အပါအဝင်လိုအပ်တဲ့ လူသားချင်း စာနာထောက်ထားမှု ပံ့ပိုးကူညီမှုတွေ ရရှိရေးတို့အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ တွေ့ဆုံဆွေးနွေးပွဲကို NCA-S EAO ၆ ဖွဲ့ တက်ရောက်ခဲ့တဲ့အပေါ် စုပေါင်းသုံးသပ်မှုအရရရှိခဲ့တဲ့ သဘောထားစုစည်းချက်တွေကို အစည်းအဝေးမှာ အလေးအနက်ထား ဆွေးနွေးခဲ့ကြပြီး အားလုံးပါဝင်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး၊ လက်ရှိ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးတို့ကို ဦးတည်ပြီး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားဖို့ သဘောထား စုစည်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အပစ်ရပ်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ အစည်းအဝေးကို ဇူလိုင် ၅ ရက်ကနေ ၅ ရက်အထိ  နှစ်ရက်ကြာ အွန်လိုင်းကနေ ကျင်းပခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013