DVB Logo
Home
မြန်မာသတင်း
မအူပင်တွင် ဖမ်းဝရမ်းထုတ်ခံရသူများ၏ ရုပ်ပုံများကို လမ်းဘေးဓာတ်တိုင်၌ လိုက်ကပ်နေ
DVB
·
July 6, 2022
မအူပင်တွင် ဖမ်းဝရမ်းထုတ်ခံရသူများ၏ ရုပ်ပုံများကို လမ်းဘေးဓာတ်တိုင်၌ လိုက်ကပ်နေ
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့လို့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်း ထုတ်ခံရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ရုပ်ပုံတွေကို  စစ်ကောင်စီက လမ်းဘေးဓာတ်တိုင်တွေမှာ လိုက်ကပ်ထားတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင်လဆန်းပိုင်းက စတင်ကာ ဓာတ်ပုံတွေလိုက်ကပ်နေတာဖြစ်ပြီး ရပ်ကွက်အလိုက် ပြည်သူတွေနေအိမ်တွေကိုလည်း ရဲ၊ လဝကနဲ့ မီးသတ်ဝန်ထမ်းတွေက မှတ်ပုံတင်လိုက်စစ်တာတွေ လိုက်လုပ်နေပါတယ်။

ဒေသခံတဦးက  “ပုံထဲပါတဲ့လူတွေက အရင်က မအူပင်မှာနေခဲ့တဲ့သူတွေတော့ ဟုတ်တယ်။ ဒါပေမဲ့ မအူပင်မြို့မှာမနေဘဲ ရှောင်နေတာကြာပြီ ကျန်တဲ့သူတွေကိုလည်း သူတို့ဖမ်းပြီး ထောင်ချထားတယ်။ အန်အယ်လ်ဒီက ပါတီဝင်တွေရော၊ လွှတ်တော်ကိုယ်စားလှယ်တွေအိမ်ရော ချိပ်ပိတ်ထားတာတွေ လည်းလုပ်တယ်။ ခုတော့ မြို့ခံ ငါးယောက်လောက်ကို ဖမ်းဝရမ်းလိုက်ကပ်နေတာ”လို့ ပြောပါတယ်။

မအူပင်မြို့ပေါ်ရပ်ကွက်တွေမှာလည်း စစ်ကောင်စီက တအိမ်တက်ဆင်း သန်းခေါင်စာရင်း စစ်ဆေးနေတာမှာ ရွေးကောက်ပွဲပြန်လုပ်ပေးမှာမို့ လူစာရင်းလိုက်ကောက်တာဖြစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို အားပေးထောက်ခံတာမလုပ်ဖို့ ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013