
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း ချင်းအမျိုးသားကာကွယ်ရေး တပ်နဲ့ ဖြစ်ပွားတဲ့ ၂ လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆၆ ယောက် သေဆုံးခဲ့တယ်လို့ CNDF က ထုတ်ပြန်ပါတယ်။
မေနဲ့ ဇွန်လတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ၁၁ ကြိမ်မှာ စစ်ကောင်စီဘက်က ၆၆ ယောက်နဲ့ CNDF ဘက်ကတော့ သုံးယောက် သေဆုံးကာ လေးယောက် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
“စစ်ရေးအရှိန် မြှင့်မှာမို့လို့ ဒေသခံတွေ စစ်တပ်နဲ့ လွတ်ရာဒေသမှာနေဖို့နဲ့ သတိပေးချက်ကို လိုက်နာဖို့ လိုတယ်” လို့ ကလေး PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။
ကလေးမြို့နယ်မှာ ကျေးရွာတွေဆီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ဒေသခံတွေကို ဖမ်းဆီးနေသလို နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပါတယ်။










