DVB Logo
Home
မြန်မာသတင်း
ရဟတ်ယာဉ်အမှုအတွက် လူကယ်ပြန်ဒု၀န်ကြီးကို ဆက်လက်စစ်ဆေး
DVB
·
July 4, 2022
ရဟတ်ယာဉ်အမှုအတွက် လူကယ်ပြန်ဒု၀န်ကြီးကို ဆက်လက်စစ်ဆေး
Donate to DVB

ပြည်သူအတွက် ရဟတ်ယာဉ်၀ယ်ယူမှုနဲ့ပတ်သက်လို့  စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  လူကယ်ပြန်ဝန်ကြီး ဒေါက်တာ၀င်းမြတ်အေးတို့ကို စွဲဆိုထားတဲ့ အဂတိမှုတွေကို ဇူလိုင် ၄ ရက် ဒီနေ့ နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ရုံးထုတ်မှာ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိမှုတွေထဲက ပုဒ်မ ၄၆ အမှုအတွက် လူကယ်ပြန် ဒုတိယ၀န်ကြီး ဦးစိုးအောင်ကိုပဲ ဆက်လက်ပြီး စစ်ဆေးတာမှာ မပြီးသေးဘူးလို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြည်သူတွေ သဘာဝဘေးအန္တရာယ်ကြုံတဲ့အခါ အသုံးပြုဖို့ ရဟတ်ယာဉ် တစီး ဝယ်ယူ၊ ငှားရမ်း၊  သက်တမ်းတိုး၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်လို့ အာဏာသိမ်း စစ်ကောင်စီက နိုင်ငံ့ခေါင်းဆောင်တွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီအမှုတွေအတွက် ရဟတ်ယာဉ်၀ယ်ယူမှုနဲ့ပတ်သက်တဲ့ အစိုးရနဲ့ ကုမ္ပဏီကြား စာချုပ်စာတမ်းကို တရားလိုဘက်က တင်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013