DVB Logo
Home
မြန်မာသတင်း
ရဝမ်လူငယ်များအသင်းဥက္ကဋ္ဌ ဦးဖုန်ရော့ဖီနန်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချ
DVB
·
June 29, 2022
ရဝမ်လူငယ်များအသင်းဥက္ကဋ္ဌ  ဦးဖုန်ရော့ဖီနန်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချ
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအို နမ်ဟော့အကျဉ်းထောင်မှာ ထိန်းသိမ်းခံနေရတဲ့ ရဝမ်လူငယ်များအသင်းဥက္ကဋ္ဌ ဦးဖုန်ရော့ဖီနန်ကို စစ်ကောင်စီက ဇွန် ၂၈ ရက်မှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။

"မနေ့က ညနေပိုင်းမှာပဲ အမိန့်ချလိုက်တာပါ။ နေ့လယ်က ရဲတွေ မအားလို့ဆိုပြီး ညနေမိုးချုပ်ခါနီးမှာပဲ အမိန့်ချလိုက်တယ်။ ထောင် ၁၀ နှစ်တဲ့။ ဥပဒေအရာရှိပြောတာက ဦးဖီနန်ဟာ PDF နဲ့ CDM သမားတွေကို ကူညီလို့ ထောင်ချတယ်။ တကယ်တော့ အဲ့ဒီအပြစ်က ထောင်ဒဏ်ပိုများနိုင်တယ်။ ဦးဖီနန်မို့လို့ လျှော့ချလိုက်တာတဲ့။”

ဦးဖီနန်ရဲ့ မိတ်ဆွေတဦးက "ဆရာဖီနန်က ပူတာအိုဒေသအတွက် ကဏ္ဍစုံကြိုးစားသူ၊ ရ၀မ်လူငယ်တွေအတွက် သာမက ပူတာအိုလူငယ်ထု‌အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးနိုင်သူဖြစ်တယ်။ ပြီးတော့ ခေါင်လန်ဖူးမှာ သတ္တုတူးဖော်ရေးကိစ္စနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေရဲ့အသံကို ခရိုင်အဆင့်၊ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့်ထိ တင်ပြတောင်းဆိုခဲ့သူဖြစ်ပါတယ်။ ပူတာအိုဒေသခံလူကြီးတချို့က အဲ့ဒီသတ္တုလုပ်ကွက်ကြောင့် နှစ်နာသွားတဲ့သူတွေ ရှိတယ်လေ။ ဆရာဖီနန်ကို ထောင်ချတဲ့ကိစ္စမှာ သူတို့ရဲ့ ပယောဂလည်း ပါနိုင်တယ်" လို့ ပြောပါတယ်။

ဦး‌ဖီနန်ဟာ ရ၀မ်လူငယ်များအသင်းအပြင် မြောက်ပိုင်းရောင်စဉ် လူငယ်များအသင်း (NSYA) နဲ့ တခြားပူတာအိုအခြေစိုက် လူမှုအဖွဲ့အစည်းရဲ့ တာ၀န်ခံအဖြစ် ဦးဆောင်သူဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်လည်း ပူတာအိုခရိုင်နယ်စုံ ကိုယ်တိုင်သွားရောက်ကာ ဒေသခံပြည်သူတွေကို အသိပညာပေးဖို့ အမြဲကြိုးစားသူဖြစ်တယ်လို့ NSYA ရဲ့ အတွင်းရေးမှူးက ပြောပါတယ်။

"ဦးဖီနန်က ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲကြိုးစားသူပါ။ တကယ့်တန်ဖိုးရှိတဲ့ လုပ်ဖော်ကိုင်ဖက်တဦးဖြစ်တယ်။ ငါတို့ရုံးမှာ သတ္တုတူးဖော်မယ့် ကုမ္ပဏီတာ၀န်ရှိသူတွေနဲ့ တွေ့ဆုံတုန်းက သူ့စိတ်ဓာတ်၊ ခံယူချက်တွေက လေးစားအတုယူစရာဖြစ်ခဲ့တယ်။ သူပြောလိုက်တာ ခေါင်လန်ဖူးဒေသခံတွေက သတ္တုတူးဖော်မယ့် ကိစ္စကို လုံး၀သဘောမတူတဲ့အကြောင်း သူကိုယ်တိုင် Survey ကောက်ထားတဲ့ ဒေသခံပြည်သူတွေရဲ့အသံကို နိုင်ငံတော်အတိုင်ပင်ခံရယ် ၊ မင်းအောင်လှိုင်နဲ့ သမ္မတရုံးထိ ကိုယ်တိုင်တင်ပြပြီးပြီလို့ ပြောခဲ့တာ မှတ်မိသေးတယ်။”

ဦးဖီနန်ဟာ စစ်ကောင်စီအာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒထုတ်ဖော်လို့ ပထမဆုံး ပူတာအိုလူငယ် ၅ ယောက်  ဖမ်းဆီးခံရချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတုန်းက တကြိမ်နဲ့  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်ညက ဒုတိယအကြိမ် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရတာ ဖြစ်ပါတယ်။

ပူတာအိုထောင်မှာ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးခံရသူ ၉ ယောက်ရှိပြီး ဦးဖီနန်က ထောင်ဒဏ်အမြင့်ဆုံး ၁၀ နှစ်ချမှတ်ခံရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013