DVB Logo
Home
မြန်မာသတင်း
သတ္တိရှိ သတင်းသမားများကို အမေရိကန်က ရွေးချယ်ဂုဏ်ပြုပေးအပ်သည့်ဆု မဇ္ဈိမမီဒီယာ ရရှိ
DVB
·
June 29, 2022
သတ္တိရှိ သတင်းသမားများကို အမေရိကန်က ရွေးချယ်ဂုဏ်ပြုပေးအပ်သည့်ဆု မဇ္ဈိမမီဒီယာ ရရှိ
Donate to DVB

အမေရိကန်နိုင်ငံအခြေစိုက် East-West Center ကနေ ကြီးမှူးပြီး သတ္တိရှိတဲ့ သတင်းသမားတွေကို ရွေးချယ်ဂုဏ်ပြုချီးမြှင့်တဲ့ "Honoring Journalists of Courage and Impact" ဆုကို မြန်မာသတင်းမီဒီယာတခုဖြစ်တဲ့ မဇ္ဈိမမီဒီယာကို ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။

ဆုပေးပွဲအခမ်းအနားကိုတော့ ဇွန် ၂၉ ရက် ဒီကနေ့ နေ့လည် ၁၂ နာရီမှာ အမေရိကန်နိုင်ငံ ဟာဝိုင်အီ ပြည်နယ်မှာ ကျင်းပမှာဖြစ်ပြီး မဇ္ဈိမမီဒီယာရဲ့ ထုတ်လုပ်မှုမန်နေဂျာ ဒေါ်ကြွယ်ကြွယ်ထွန်းနဲ့ အယ်ဒီတာ ဒေါ်သင်းသီရိတို့က ကိုယ်တိုင် တက်ရောက်သွားကြမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီဆုပေးပွဲ အခမ်းအနားကတော့ ဟာဝိုင်အီပြည်နယ်၊ ဟိုနိုလူလူ မြို့တော်မှာ ၄ ရက်တာ ကျင်းပပြုလုပ်မယ့် နိုင်ငံတကာ မီဒီယာကွန်ဖရင့် (International Media Conference) ရဲ့ အစိတ်အပိုင်းတခုလည်းဖြစ်ကာ မြန်မာနိုင်ငံရဲ့ ပိုမိုဆိုးဝါးလာနေတဲ့ မီဒီယာ လွတ်လပ်မှု အခြေအနေတွေကိုလည်း ထည့်သွင်း ဆွေးနွေးသွားကြမယ်လို့ ဆိုပါတယ်။

East-West Center က ကြီးမှူးကျင်းပတဲ့ အလားတူ International Media Conference ကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ကျင်းပခဲ့ဖူးပါတယ်။

မဇ္ဈိမ သတင်းဌာနကိုတော့ ရှစ်လေးလုံးအရေးအခင်းအပြီး  ပြည်ပ ရောက်နေကြတဲ့ မြန်မာ သတင်းစာဆရာတစုက ၁၉၉၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတကာသတင်း အင်စတီကျုက ချီးမြှင့်တဲ့ ဖရီးမီဒီယာ ပိုင်အိုးနီးယားဆုကို ၂၀၀၇ ခုနှစ်တုန်းက ရရှိထားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013