DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် စစ်ကောင်စီက ဖမ်းဆီးထားသူ ၄၅ ဦးရှိပြီး အသက်မပြည့်သေးသူ ၅ ဦးပါဝင်
DVB
·
June 28, 2022
ရခိုင်တွင် စစ်ကောင်စီက ဖမ်းဆီးထားသူ ၄၅ ဦးရှိပြီး အသက်မပြည့်သေးသူ ၅ ဦးပါဝင်
Donate to DVB

ရခိုင်ပြည်နယ်က မြို့နယ်လေးခုမှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ အရပ်သား ၄၅ ဦးအထိရှိပြီး အသက်မပြည့်သေးသူ ၅ ဦးအထိ ပါဝင်နေတယ်လို့ ရက္ခိုင်တပ်တော်(အေအေ)ကထုတ်ပြန်ထားပါတယ်။ 

ဖမ်းဆီးခံထားရသူတွေမှာ ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့နယ်က ၂၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်က ၈ ဦး၊ ကျောက်တော်မြို့နယ်က ၇ ဦးနဲ့ မြောက်ဦးမြို့နယ်က ၉ ဦးတို့ဖြစ်ကြပြီး ဇွန် ၁၆ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့အထိ ၈ ရက်အတွင်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အသက်မပြည့်သေးတဲ့ လူငယ် ၅ ဦးမှာ စစ်တွေမြို့နယ်က သုံးဦး၊ ပုဏ္ဏားကျွန်းမြို့နယ်က တဦးနဲ့ မြောက်ဦးမြို့နယ်က တဦးတို့ဖြစ်ကြပါတယ်။

အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ဖမ်းဆီးထားတာက ကလေးသူငယ်ဥပဒေနဲ့ ငြိစွန်းသလို အပြည်ပြည်ဆိုင်ရာ လူအခွင့်ရေးကြေညာစာတမ်းနဲ့လည်း ငြိစွန်းနေတယ်လို့ ရခိုင်လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပါတယ်။

"ဖမ်းဆီးခံထားရသူတွေထဲမှာ ကလေးသူငယ်တွေ ပါဝင်နေတာက ကလေးသူငယ်ဥပဒေနဲ့လည်း ငြိစွန်းမှုတွေရှိတယ်။ နောက်အပြည်ပြည်ဆိုင်ရာ လူအခွင့်ရေးကြေညာစာတမ်း အပိုဒ် ၉ မှာပါတဲ့ မတရားဖမ်းဆီးချုပ်နှောင်မှုတွေ မလုပ်ရဆိုပြီးပါတယ်။ အဲဒါနဲ့လည်း ငြိစွန်းမှုတွေရှိတယ်။ အဲဒါကြောင့် ဒီဟာက လူအခွင့်ရေးကို ပေါ်ပေါ်တင်းတင်း ကျူးလွန်းတယ်လို့ ပြောချင်တယ်" လို့ ပြောပါတယ်။

ဒ့ါအပြင် ဖမ်းဆီးခံထားရသူတွေထဲမှာ ဘာသာရေးခေါင်းဆောင် ဗလီဆရာတဦးနဲ့ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတဦးအပါဝင် နယ်ပယ်ပေါင်းစုံက ပြည်သူတွေ ပါဝင်ကြပါတယ်။

ကျောက်ဖြူမြို့နယ်က ဒေသခံ ၄ ဦးကိုလည်း ရက္ခိုင့်တပ်တော်(အေအေ)နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။ 

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ရေကြောင်း၊ ကုန်ကြောင်းလမ်းတွေကို ပိတ်ဆို့တင်းကျပ် စစ်ဆေးနေတာကြောင့် ရခိုင်ပြည်သူတွေကြား စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013