DVB Logo
Home
မြန်မာသတင်း
ရေစကြိုမြို့နယ်က လူငယ်တဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
June 27, 2022
ရေစကြိုမြို့နယ်က လူငယ်တဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

မကွေးတိုင်း ရေစကြိုမြို့မှာ ဇွန် ၂၆ ရက်နေ့ ညနေပိုင်းက ဒေသခံ လူငယ်တစ်ယောက်ကို PDF သင်တန်းဆင်းလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေစကြိုမြို့ ၊အမှတ် (၈) အောင်မင်္ဂလာရပ်ကွက်မှာ ဇွန ၂၆ ရက်နေ့ ညနေ ၃ နာရီလောက်က စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ပြီး ခရီသည်တင်ကားပေါ်မှာလိုက်ပါလာတဲ့ ဘီးစပ်ကုန်းကျေးရွာက ကိုရှိုင်းထက်ကို ကို PDF သင်တန်းဆင်းလို့ စွပ်စွဲပြီးဖမ်းဆီးသွားတာလို့ ရေစကြို မြို့ခံတယောက်က ပြောပါတယ်။

“အဓိကတော့ ဒလန်တွေရဲ့ မဟုတ်မမှန်သတင်းပေးမှုကြောင့် ဘာအပြစ်မရှိဘဲ စစ်(..)တွေရဲ့မတရားဖမ်းဆီးခံရတာပါ။ အဲဒီလူငယ်လေးကို ရေစကြိုမြို့မ ရဲစခန်းစစ်ကြောရေးကို ခေါ်သွားကြပြီး မိသားစုဝင်တွေကိုလည်း တွေ့ခွင့်မပေးဘူး။” 

ရေစကြိုမြို့ လမ်းဆုံလမ်းခွတွေနဲ့ မြို့ဝင်၊ မြို့ထွက်ဂိတ်တွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ အပေါင်းပါတွေက နေ့စဥ်ရက်ဆက် စစ်ဆေးနေပြီး အပြစ်မဲ့ ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ အခုနှစ် ဇန်နဝါရီကနေ ဒီနေ့အထိ အပြစ်မဲ့ ပြည်သူ ၄၀၀ ကျော်လောက်ကို စစ်ကောင်စီက မတရားဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013