DVB Logo
Home
မြန်မာသတင်း
ပုဂံမြို့သို့ စစ်ခေါင်းဆောင်လာမည့်သတင်းထွက်နေသဖြင့် ဒေသခံများ ထုံးသုတ်နေရ
DVB
·
June 27, 2022
ပုဂံမြို့သို့ စစ်ခေါင်းဆောင်လာမည့်သတင်းထွက်နေသဖြင့် ဒေသခံများ ထုံးသုတ်နေရ
1 / 4
Donate to DVB

ပုဂံရှေးဟောင်းယာဉ်ကျေးမှုမြို့တော်ကို ဇူလိုင်လဆန်းပိုင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်မယ်လို့ သတင်းထွက်နေတာကြောင့် ပြည်သူလူထုတွေ ခြံစည်းရိုးနဲ့ သစ်ပင်တွေမှာ ထုံးသုတ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်ကြောင့် ပုဂံမြို့ဟောင်းဘက်က နှစ်လမ်းသွားလမ်းရဲ့ လမ်းဘေး ပလက်ဖောင်းကိုတော့ စည်ပင်က ထုံးသုတ်ပြီး သစ်ပင်တွေနဲ့ ခြံစည်းရိုးကို ပြည်သူတွေကို သုတ်ခိုင်းနေတာလို့ ဒေသခံတဦးက ပြောပါတယ်။ 

“နှစ်လမ်းသွားလို့လည်းခေါ်တယ် စူပါလမ်းလို့လည်း ခေါ်တယ် အဲ့လမ်းက အိမ်ဖြူတော်မှာ ဆုံးတယ် ဆုံးတဲ့ အထိ ထုံးသုတ်ခိုင်းထားတာ။ ဒီလနောက်ဆုံးပတ်ကစသုတ်ခိုင်းတာ လကုန်အပြီးပေါ့ ပြီးတော့ ခုစစ်တပ်ရော ရဲရောအင်အားအများအပြားနဲ့ ရောက်နေပြီ။” 

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပုဂံမြို့ကိုလာရောက်မယ့်ခရီးစဉ်ကြောင့် လမ်းဘေးသစ်ပင်နဲ့ ခြံစည်းရိုး တွေကို ထုံးသုတ်ခိုင်းနေသလို လမ်းဘေးဈေးသည်တွေကိုလည်း ဈေးရောင်ခွင့်ပိတ်ထားတယ်လို့ ဆိုပါတယ်။ 

စစ်ခေါင်းဆောင် ပုဂံမြို့ကို ဇူလိုင်လပထမပတ်ထဲမှာ ရောက်မယ်လို့ ဒေသခံတွေအကြား သတင်းထွက်ပေါ်နေပေမဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး နေပြည်တော်ဘက်က အတည်ပြုချက်မရ နိုင်သေးသလို  ဘာလာလုပ်မယ်ဆိုတာလည်း အတည်ကျမသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013