DVB Logo
Home
မြန်မာသတင်း
သကြားဈေးနှုန်း ဆက်လက်မြင့်တက်နိုင်ဟု လုပ်ငန်းရှင်များပြော
DVB
·
June 26, 2022
သကြားဈေးနှုန်း ဆက်လက်မြင့်တက်နိုင်ဟု လုပ်ငန်းရှင်များပြော
Donate to DVB

၂၀၂၁-၂၀၂၂ ခုနှစ် ကြံရာသီမှာ မနှစ်ကထက် သကြားထုတ်လုပ်မှုလျော့ကျခဲ့တာကြောင့်   သကြားဈေးနှုန်းဟာ တပိဿာကို ငွေကျပ် ၇၅၀ လောက်အထိ မြင့်တက်နေတယ်လို့ သကြားနဲ့သကာရည်လုပ်ငန်းရှင်များကထိန်တော်အသင်းက သိရပါတယ်။

ပြည်တွင်း ကြံထွက်ရှိတဲ့ ဒေသတွေမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ကြံထွက်ရှိမှု လျော့နည်းခဲ့သလို မနှစ်က သကြားဈေးနှုန်းဟာ နိမ့်ကျခဲ့ပြီး ကြံတောင်သူတွေ အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာကြောင့် စိုက်ပျိုးဧက နည်းပါးခဲ့တဲ့အတွက် သကြားထွက်နှုန်းလျော့နည်းကာ အခုလို ဈေးနှုန်းမြင့်တက်လာတာလို့ သိရပါတယ်။

မနှစ်က သကြားဈေးနှုန်းဟာ တပိဿာကို ငွေကျပ် ၉၀၀ နဲ့ ၁၄၀၀ ကြားမှာရှိခဲ့ပြီး ဒီနှစ်မှာတော့ ငွေကျပ် ၂၁၅၀ လောက်အထိ မြင့်တက်နေတာပါ။

“ကြံဈေးကွက်အခြေအနေကတော့ ၂၀၂၁/၂၀၂၂ ကြံရာသီကတော့ ပြီးဆုံးတာပေါ့နော်။ ကြံရာသီပြီးဆုံးတဲ့ အချိန်မှာဆိုရင်တော့ ကျနော်တို့ သကြားထုတ်လုပ်မှုကလည်း အတိုင်းအတာတခုအထိ ဒီနှစ်က မနှစ်ကနဲ့စာရင်တော့ လျော့ကျပါတယ်။ သကြားဈေးကမြင့်နေတယ်လို့ ပြောရမှာပေါ့။ ပြည်တွင်းမှာက ဂရိတ်ဝေါက အခြေအနေမတည်ငြိမ်တော့ ထုတ်မရောင်းကြဘူး၊ အဲ့ဒီတော့ ဈေးကွက်ထဲမှာရှိတဲ့ သကြားတွေပဲ အရောင်းအဝယ်လည်ပတ်နေတာပေါ့။ စက်ရုံတွေကလည်း ဈေးထပ်တက်မယ်လို့ ခန့်မှန်းကြတော့ ထိန်းရောင်းနေကြတယ်” လို့ ကြံနဲ့သကြားလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဒီနှစ်ကြံရာသီမှာ သကြားတန်ချိန် ၃ သိန်း ၇ သောင်းကျော်ထွက်ရှိပြီး ကြံတတန်ကို ငွေကျပ် ၆ သောင်းခွဲလောက်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။ အရင်နှစ်မတ်လပိုင်းဟာ တရုတ်ကိုကြံတင်ပို့တဲ့ ရာသီဖြစ်ခဲ့ပြီး ဒီနှစ်မှာတော့ တရုတ်က ဝယ်ယူမှုရပ်ဆိုင်းထားလိုက်ပြီး ဧပြီလထဲမှသာ ပြန်လည်ဝယ်ယူခဲ့တာကြောင့် အချိန်လွန်ကာ ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ကြံတောင်သူတွေက ပြောပါတယ်။  

“အခုလိုရာသီက သကြားဈေးအေးလေ့ရှိတယ်။ ဒီနှစ်မှာတော့ မကြုံစဖူး ဈေးအမြင့်နဲ့ကြုံရတာပေ့ါ အရင်ကနဲ့စာရင်ဈေးရတယ်လို့ ပြောရမယ်။ မြေသြဇာဈေးနဲ့ဓာတ်ဆီဈေးကလည်း မြင့်လာတော့ ကြံတွေကို ကြိတ်ဝါးတဲ့ ကုန်ကျစရိတ်တွေလည်း တက်လာတာပေါ့။ လက်ရှိကတော့ တရုတ်နဲ့ ဗီယက်နမ်ကို ရေကြောင်းကတဆင့် ပို့တင်ပို့နေပါတယ်။ စက်ရုံအရောက်ဆိုရင် ကြံတတန်ကို နှစ်ထောင် ၊သုံးထောင်ပေးရတယ်” လို့ ကြံနှင့်သကြားလုပ်ငန်းရှင် နောက်တဦးက ပြောပါတယ်။

မိုးအဝင်ကာလမှာ နှစ်တိုင်း သကြားဈေးအေးတဲ့အချိန်ဖြစ်ပေမယ့်လည်း ထုတ်လုပ်မှုစရိတ် မြင့်တက်လာတာနဲ့ ကြံထွက်ရှိမှု လျော့နည်းခဲ့တာကြောင့် ဈေးနှုန်းမြင့်တက်နေတာဖြစ်ပြီး အခုထက် ဆက်လက် တက်နိုင်သေးတယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013