DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပစ်ကူ
DVB
·
June 26, 2022
ပေါက်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပစ်ကူ
Donate to DVB

မကွေးတိုင်းပေါက်မြို့နယ်မှာ ဇွန် ၂၅ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားလို့ ရဟတ်ယာဥ်နဲ့ ပစ်ကူပေးခဲ့တယ်လို့ Guerilla Ranger ပုလဲပြည်သူ့ကာကွယ်ရေးတပ်ရင်း ၆ က ပြောပါတယ်။

ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်မှာရှိတဲ့ သရက်ကန်ရဲကင်းစခန်းကို ဇွန် ၂၅ ရက်နေ့ မနက် ၄ နာရီလောက်က ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ ၁ နာရီခွဲလောက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  Guerilla Ranger(ပုလဲ)ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစစ်ငြိမ်းသူက ပြောပါတယ်။

“စစ်(...)တွေဘက်က ထိခိုက်သေဆုံးသူများပြားလို့ စခန်းသိမ်းခါနီးမှာ စစ်ကောင်စီဘက်က Mi.35 တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ ပစ်ကူပေးရတဲ့အထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ကျနော်တို့ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တယောက် ဒဏ်ရာအနည်းငယ်ရရှိကာ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်။” 

အဲဒီတိုက်ပွဲကို Guerilla Rarger (ပုလဲ) တပ်ရင်း-၆၊ ပုလဲတပ်ရင်း(၂)၊ MHG တပ်ရင်းက တပ်ခွဲ ၁၊  ၂၊ ၃၊ MPDF (မုံရွာ)၊ ယင်းမာပင် တပ်ရင်း ၃၊ ယင်းမာပင် အမိမြေတပ်ဖွဲ့၊ 3 in 1 တပ်ရင်း၊ သပြေတောပြောက်ကျားတပ်ဖွဲ့၊ ပေါက်မြိုင်တပ်ပေါင်းစုနဲ့ ဒေသခံPDF တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တခုမှာတော့ သရက်ကန်နယ်မြေရဲစခန်းကို PDF တွေက အင်အား အလုံးရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲပေမယ့် အဲဒီစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ တိုက်ရေး၊ ခိုက်ရေး သတ္တိနဲ့ ပြည့်စုံသော ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်တာကြောင့် စခန်းမသိမ်းနိုင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ပွဲကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တိုက်ခိုက်ရေးရဟတ်ယာဥ်တွေ စေလွှတ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် PDF တပ်ဖွဲ့တွေ ထိခိုက်ကျဆုံးမှုများခဲ့တာကြောင့် ပြန်လည် ဆုတ်ခွားသွားကြတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013