DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှု ရန်ကုန်တွင်ပြုလုပ် (ဓာတ်ပုံ)
DVB
·
June 25, 2022
စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှု ရန်ကုန်တွင်ပြုလုပ် (ဓာတ်ပုံ)
1 / 8
Donate to DVB

ရန်ကုန်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဝန်းရံပိတ်ဆို့ဖမ်းဆီးနှိပ်ကွပ်နေတဲ့ကြားက  ဇွန်လ ၂၅ ရက်မနက်မှာ  ကျောင်းသားလူငယ်တွေက  စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို အကြမ်းမဖက် ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့ကြပါတယ်။ 

"အုံကြွပုန်ကန် ပြည်သူ့အသံ" စာတန်းပါ ဘန်နာအားကိုင်စွဲပြီး   မတရားကြိုးပေးသတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးရဲ့စကားဖြစ်တဲ့ "ငါတို့ရဲ့ ခန္ဓာကိုယ်ကိုသာသတ်လို့ရမယ် ငါတို့ရဲ့ယုံကြည်မှုတွေ၊ ရပ်တည်ချက်တွေက ဘယ်တော့မှ သတ်လို့ရမှာမဟုတ်ဘူး" စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

မတရားဖမ်းဆီးအကြမ်းဖက် ထိန်းသိမ်းခံထားရတဲ့ နိုင်ငံ​ရေးအကျဥ်းသားတွေကို ခြွင်းချက်မရှိပြန်လွှတ်ပေးရေး၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဖြစ်တဲ့ ည ၈ နာရီတိုင်း သံပုံးတွေ ပြန်တီကြရေး၊ စစ်ကောင်စီကို လက်မခံကြောင်း ရတဲ့နည်းနဲ့ ဆန့်ကျင်ရေး၊ စစ်ကောင်စီ ဒေါက်တိုင်တွေကို လူ့ဘောင်အသိုင်း အဝိုင်းမှ ဖယ်ကြဥ်ရေးတို့ကိုလည်း ဆန္ဒပြလူငယ်တွေက တောင်းဆိုခဲ့ကြပါတယ်။

အခြေခံပညာ ကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)ကဦးဆောင်ကာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ၊ Labour Alliance အဖွဲ့ဝင် (CTUM) ၊ဗမာ့လူငယ်ကွန်ရက် (BamaYouth Network)၊စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SCStrike)၊ ပညာနန်းတော်ကိုယ်ပိုင်​ကျောင်း ကျောင်းသားများသမဂ္ဂ၊ LGBT Community Yangonနဲ့ ရန်ကုန်မြို့ရှိ လူငယ်တွေ သပိတ်မှာ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013