DVB Logo
Home
မြန်မာသတင်း
မွန်ဝန်ကြီးချုပ်အမှု ချေဖျက်ရန် သင့်၊ မသင့် လျှောက်လဲချက်ပေး
DVB
·
June 23, 2022
မွန်ဝန်ကြီးချုပ်အမှု ချေဖျက်ရန် သင့်၊ မသင့် လျှောက်လဲချက်ပေး
Donate to DVB

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် အာဏာသိမ်း စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုဖြစ်တဲ့ ပုဒ်မ ၁၇၁(စ) အတွက် ဇွန် ၂၂ ရက်နေ့မှာ ချေဖျက်ဖို့ သင့် မသင့် နှစ်ဖက် လျှောက်လဲချက်ပေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

အဲဒီနှစ်ဖက် လျှောက်လဲချက်ကိုတော့ နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ ကြားနာခဲ့တာဖြစ်ပြီး စစ်ကောင်စီ ရှေ့နေဘက်က ချေဖျက်ဖို့ မသင့်ကြောင်း သဘောထားပေးခဲ့တာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ရွေးကောက်ပွဲ မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ)နဲ့ အမှု ၂ မှု ဖွင့်လှစ်ထားတာပါ။

အဲဒီအမှုမှာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ရှေ့နေအဖွဲ့က တရားစွဲ အဖွဲ့အစည်း ခွင့်ပြုမိန့် မပါတဲ့အတွက် အမှု ဖြစ်စဉ် တစ်ခုလုံးကို ချေဖျက်ရုပ်သိမ်းပေးဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးကို ပြင်ဆင်ချက် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီချေဖျက် အမိန့်ကိုတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက လက်ခံသင့် မသင့် စိစစ်ပြီးနောက် အမိန့်ချမှတ်ထားဖို့ ရှိနေတာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ ပုဒ်မ ၁၇၁ (စ) အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက လက်ခံပါက အဲဒီအမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်သွားမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ပုဒ်မ ၁၇၁ (စ) အမှုကိုတော့ စစ်ကောင်စီ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထင်ကျော်က တရားလိုအဖြစ် ဆောင်ရွက်နေတာပါ။

လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီ စွဲဆိုထားတဲ့ ပုဒ်မ ၁၃၀ (က) မှုအတွက် တရားရင်ဆိုင်နေဆဲဖြစ်ပြီး အဲဒီအမှုကိုတော့ စစ်ကောင်စီဘက်က လာမယ့် ရုံးချိန်းမှာ အမိန့်ချမှတ်ဖို့ ပြင်ဆင်ထားပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်ခဲ့ထားရသလို ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်ထိ ချမှတ်ခံထားရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013