DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်
DVB
·
June 17, 2022
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်
Donate to DVB

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို မန္တလေး၊ အိုးဘိုထောင်တွင်း စစ်ကောင်စီတရားရုံးက အဂတိအမှု ၅ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ တရားရုံး နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အမှုအမှတ် ၆၊ ၇၊ ၈ တို့အတွက် ထောင်ဒဏ် ၅ နှစ်စီ၊ အမှုအမှတ် ၉ နဲ့ ၁၀ အတွက် ၃ နှစ်စီ စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ်ကို စစ်ကောင်စီတရားရုံးက ဇွန် ၁၇ ရက်မှာ ထပ်မံချမှတ်ခဲ့တာပါ။

ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက အမှု ၉ မှုနဲ့ တရားစွဲခဲ့တာဖြစ်ပြီး အဲဒီအထဲက သဘာဝဘေးပုဒ်မအမှု ၂ ခုအတွက် ၂၀၂၁ ဒီဇင်ဘာ ၈ ရက်က ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့ပြီး အခုအမှုတွေနဲ့ဆိုရင် စုစုပေါင်းထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင် စွဲဆိုခံထားရတဲ့ အဂတိအမှု ၅ ခုစလုံးအတွက် အပြီးသတ်အမိန့်ချဖို့ တရားရုံးက ဇွန် ၁၄ ရက် ရုံးချိန်းမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီစွဲဆိုထားတဲ့ အမှုတွေထဲက အဂတိအမှု နံပါတ် ၇၊ ၈ တို့ဟာ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နဲ့ ဆက်စပ်ခဲ့တဲ့အမှုတွေ ဖြစ်ပါတယ်။ အမှုနံပါတ် ၆ ကတော့ ဖွံ့ဖြိုးသစ်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးရဲမြင့်ရဲ့တပည့်ကနေ ဘတ်ငွေ ၃ သိန်းပေးခဲ့တာကို လက်ခံရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွဲဆိုခဲ့တာဖြစ်ပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို မတ် ၈ ရက်က အိုးဘိုထောင်တွင်းတရားရုံးမှာ အဂတိအမှု ၅ ခုအတွက် စစ်ကောင်စီလက်အောက်ခံ တရားရုံးက စွဲချက်တင်ခဲ့တာပါ။

ဒေါက်တာဇော်မြင့်မောင်ကို မန္တလေးတိုင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးစိန်တင်က တရားလိုအဖြစ် စစ်ကောင်စီကိုယ်စား တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဓိက တရားလိုပြသက်သေတဦးဖြစ်တဲ့ ဦးမောင်ဝိတ်က ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးမကောင်းတာကြောင့် ငွေကြေးလှူဒါန်းတာသာ ဖြစ်တဲ့အပြင် သူ့အဖေနဲ့ အဖိုးတို့ဟာ ကင်ဆာကြောင့် ကွယ်လွန်ခဲ့ရတာမို့ လှူတာဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုထားခဲ့ပြီး ရုံးချိန်းအပြီးမှာ ဒေါက်တာဇော်မြင့်မောင်ကို ဦးမောင်ဝိတ်က ကန်တော့ခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ နိုင်ငံရေးရာထူး ရယူထားချိန်မှာ လာဘ်စားခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ စစ်ကောင်စီက စွဲချက်တွေ တင်ခဲ့တာပါ။

ဒေါက်တာဇော်မြင့်မောင်ကတော့ ဘယ်သူ့ဆီကမှ ဘာမှမယူခဲ့တဲ့အတွက် သူ့မှာအပြစ်မရှိဘူးလို့ ရုံးချိန်းတွေမှာ ထွက်ဆိုခဲ့ပါတယ်။

ဦးမောင်ဝိတ်ကလည်း အလှူငွေတွေကို ဒီအတိုင်းထားခဲ့တာသာဖြစ်ပြီး သူသွားတဲ့အချိန်တိုင်းမှာ ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာဝေဒနာကြောင့် အိပ်နေတယ်လို့ ထွက်ဆိုထားပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာဝေဒနာ အပြင်းအထန် ခံစားနေရချိန်မှာ မန္တလေးတိုင်း ဝန်ကြီးချုပ်တာဝန်အပြင် ပါတီတာဝန်တွေအား တခြားသူတွေကို ခေတ္တလွှဲအပ်ထားခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013