DVB Logo
Home
မြန်မာသတင်း
ခန္တီးနှင့် ဟုမ္မလင်းမြို့တို့တွင် လျှပ်စစ်မီတာခ စံချိန်တင်မြင့်တက်
DVB
·
June 17, 2022
ခန္တီးနှင့် ဟုမ္မလင်းမြို့တို့တွင် လျှပ်စစ်မီတာခ စံချိန်တင်မြင့်တက်
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့နယ်တွေက ကျေးရွာတွေမှာ လောင်စာဆီဈေးနှုန်းကြောင့် လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံနေတယ်လို့ လျှပ်စစ်မီးသုံးစွဲနေတဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ အစိုးရလျှပ်စစ်မီး မရရှိသေးတဲ့ ကျေးရွာတချို့ကို ကျေးရွာမီးလင်းရေး ကော်မတီအဖွဲ့က ဦးဆောင်ပြီး ကုမ္ပဏီကပေးတဲ့ လျှပ်စစ်မီးကိုသာ အသုံးပြုနေကြရပါတယ်။

အရင်က ဟုမ္မလင်းမြို့ပေါ်မှာ တယူနစ်ကို ကျပ် ၅၀၀ ဝန်းကျင်ဖြစ်ပြီး အခုအခါမှာတော့ တယူနစ် ကျပ် ၁,၁၅၀ ပေးဆောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟုမ္မလင်းမြို့နယ် နန်တောကျေးရွာမှ လုပ်ငန်းရှင်တဦးက “ဆီဈေးတက်လို့ဆိုပြီး တယူနစ် ဘယ်လောက်သတ်မှတ်မယ်ဆိုပြီး မီးလင်းရေးကော်မတီက သုံးစွဲသူတွေကို အစည်းအဝေးခေါ်ပြောတယ်။ အခု တယူနစ် ကျပ် ၁,၄၀၀ ကောက်မယ်လို့ စာပို့ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ခန္တီးမြို့၊ ဟုမ္မလင်းမြို့နဲ့ နောင်ပိုအောင်ရွာ၊ နန်တောကျေးရွာတို့ဟာ အစိုးရလျှပ်စစ်မီး မရရှိသေးတဲ့ မြို့ရွာတွေ ဖြစ်ပါတယ်။ အဆိုပါဒေသတွေမှာ အရင်က ပုဂ္ဂလိက တပိုင်တနိုင် လျှပ်စစ်မီးပေးတာ ရှိပေမဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်း အရပ်သားအစိုးရ တက်လာပြီးနောက် ကျေးရွာမီးလင်းရေးဆိုပြီး ကုမ္ပဏီတွေကပေးတဲ့ မီးကိုသာ အသုံးပြုနေကြရတယ်လို့ ဆိုပါတယ်။

မီးသုံးစွဲသူ နန်တောဒေသခံတဦးက “တယူနစ် ၄၂၀ ကျပ်ကနေ အခု ၁,၄၀၀ ကျပ် ဖြစ်သွားပြီ။ မီတာခသက်သာအောင် ချွေတာသုံးနေရတာ ထမင်း ဟင်းတောင် အခုဆို မီးသွေးနဲ့ချက်နေတာ" လို့ ပြောပါတယ်။

တလကို ဒီဇယ်ပေပါ အလုံး ၇၀ လောက် ကုန်ကျပြီး လက်ရှိလောင်စာဆီဈေးနှုန်းနဲ့ ဝယ်ယူရခက်ခဲလာကာ ဝန်ထမ်းစရိတ်နဲ့ဆို အရှုံးပေါ်နေတယ်လို့ နန်တောကျေးရွာ မီးလင်းရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013