DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့အပူချိန် ၇ နှစ်ဆက်တိုက် စံချိန်တင်မြင့်တက်
DVB
·
December 28, 2021
ကမ္ဘာ့အပူချိန် ၇ နှစ်ဆက်တိုက် စံချိန်တင်မြင့်တက်
Donate to DVB

၂၀၂၁ တနှစ်လုံးဟာ စံချိန်တင် အပူဆုံးနှစ်တွေထဲက တနှစ်ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂ မိုးလေဝသ အဖွဲ့အစည်း (WMO) က ထုတ်ပြန်ထားပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစပြီး ၇ နှစ်ဆက်တိုက် တနှစ်ပြီးတနှစ် အပူချိန် စံချိန်တင်နေတာတွေကို မှတ်တမ်းရယူထားခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်ဆန်းပိုင်းမှာ လာနီညာရာသီဥတုအခြေအနေ သက်ရောက်မှုတခု အခိုက်အတန့်ဖြစ်ခဲ့လို့ အအေးလွန်လှိုင်းဖြတ်သန်းမှုကို ကြုံတွေ့ခဲ့ရပေမဲ့ ၂၀၂၁ ခုနှစ်ဟာ အပူချိန်အမြင့်မားဆုံး မှတ်တမ်းဝင်ထားတဲ့ ၇ နှစ်ရဲ့ အဆင့် ၅ မှာရှိပါတယ်။

၂၀၂၁ ရာသီဥတုအခြေအနေ အစီရင်ခံစာအရ ပင်လယ်သမုဒ္ဒရာတွေမှာ အက်ဆစ်ဓာတ် မြင့်တက်မှုရယ်၊ သမုဒ္ဒရာရေ အပူချိန်မြင့်တက်မှုတွေနဲ့အတူ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုက ဒီနှစ်မှာ အမြင့်ဆုံးစံချိန်တင်ခဲ့ပါတယ်။

ဒီအစီရင်ခံစာကို စကော့တလန်မှာ အောက်တိုဘာ ၃၁ နဲ့ နိုဝင်ဘာ ၁၂ ရက်ကြား ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ COP26 ညီလာခံအတွင်း  ထုတ်ပြန်ခဲ့တာပါ။

PHOTO-WMO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013