DVB Logo
Home
မြန်မာသတင်း
မြေထောက်ပဲဈေးနှုန်း တစ်လအတွင်း ကျပ် ၄၀,၀၀၀ အထိ မြင့်တက်
DVB
·
June 11, 2022
မြေထောက်ပဲဈေးနှုန်း တစ်လအတွင်း ကျပ် ၄၀,၀၀၀ အထိ မြင့်တက်
Donate to DVB

မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ မြေထောက်ပဲဈေးနှုန်းဟာ တစ်လအတွင်း ငွေကျပ် ၄၀,၀၀၀ လောက်အထိ ဈေးနှုန်းမြင့်တက်လာပြီး ဈေးကွက်အတွင်းပစ္စည်းရှားနေတယ်လို့ မန္တလေးပဲကုန်သည်တွေဆီက သိရပါတယ်။

အရင်က အရောင်းပါးခဲ့တဲ့ မြေထောက်ပဲတွေဟာ အခုအချိန်မှာ အဝယ်ပြန်ရှိလာပြီး ၃ တင်း ဝင် (၅၄ ပိဿာ) တစ်အိတ်ကို မေလဆန်းပိုင်းလောက်တုန်းက ငွေကျပ် ၁၃၀,၀၀၀ ပေါက်ဈေးရှိခဲ့ပြီး အခုအချိန်မှာတော့ ငွေကျပ် ၁၇၀,၀၀၀ လောက်အထိမြင့်တက်နေတယ်လို့ သိရပါတယ်။

မြေထောက်ပဲဟာ တစ်ရက်ချင်း ငွေကျပ် ၅၀၀၀ လောက်အထိ မြင့်တက်လာခဲ့တာဖြစ်ပြီး ဈေးကွက်ထဲမှာ ပစ္စည်းရှားပါးနေတယ်လို့ သိရပါတယ်။ မြေထောက်ပဲအဖြူဈေးနှုန်းကတော့ မန္တလေးကုန်စည်ဒိုင်ပေါက်ဈေးအရ (၅၄ပိဿာ) တစ်အိတ်ကို ငွေကျပ် ၁၆၀,၀၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။

မြေထောက်ပဲဟာ ဖေဖော်ဝါရီမှာ စတင်ပေါ်ပြီး  မတ်၊ ဧပြီလတွေမှာ လှိုင်လှိုင်ဝင်ရောက်ခဲ့တာကြောင့် အခုအချိန်မှာဈေးကွက်အတွင်း မြေထောက်ပဲ လက်ကျန် နည်းပါးနေတယ်လို့ သိရပါတယ်။ 

"မန္တလေးကုန်စည်ဒိုင်အတွင်းမှာ မြေထောက်ပဲဈေးကွက် အနည်းငယ်မာပြီးတက်လာတယ် လက်ကျန်ကတော့ ဝယ်လို့မရသလောက် နည်းနေတယ်။ ဒီထက် တက်ဈေးကိုစောင့်နေတဲ့ ကုန်သည်တွေ လက်ထဲလောက်ပဲ ကျန်တော့မယ်။ နဂိုကာလမှာ အရောင်ထိုင်းနေတဲ့လတ်စနဲ့ အောက်စတွေအဝယ်ပြန်ရှိလာပြီး သုံးတင်တစ်အိတ်ကို ၅၀၀၀ လောက်ချင်း အိတက်လာတယ်လို့ ဆိုရမယ်။ အရင်က ၁၄၀,၀၀၀ တန်တွေကို ၁၄၅,၀၀၀ ဈေးတွေနဲ့အဝယ်ပြန်လိုက်တာပြီး Demandကောင်းလာတယ်လို့ပြောလို့ရတယ်။"လို့ မန္တလေးမြို့က ပဲကုန်သည်တစ်ဦးက ပြောပါတယ်။ 

လက်ရှိ ပေါက်ဈေးကတော့ ၃ တင်းတအိတ်ကို ( ၅၄ပိသာ)ကို ကျပ် ၁၆၅,၀၀၀နဲ့ ၁၇၀,၀၀၀ အထိအရောင်းအဝယ်ဖြစ်နေပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း မြေထောက်ပဲ တစ်တင်းကို ငွေကျပ် တစ်သောင်း လောက် အထိမြင့်တက်လာတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။ 

"အခုတော့ အဝင်မရှိတော့ဘူး အစောပိုင်းက ဝင်ထားတာတွေပေါ့။ ၃လပိုင်း ၄လပိုင်းက ဝင်ထားတာတွေ ပေါ်တာကနှစ်လပိုင်းကစပေါ်တာ တစ်တင်းကို တစ်သောင်းတက်တော့ ဈေးမတက်လို့ထားထားတဲ့ ကုန်သည်တွေက အခုမှရောင်းကြတာ မြေတောက်ပဲ အောက်စဈေး ၄သောင်း ၄ထောင် ကနေ ၅သောင်း၄ထောင်လောက် ဖြစ်သွားတယ်ပေါ့ဗျာ ထိပ်စကလည်း ၅ သောင်း ၈ ထောင် ၆ သောင်း ဖြစ်သွားတယ် တရုတ်ဘက်က ဝယ်တာများတယ် အဝင်ကမရှိတော့ဘူး အဟောင်းတွေကိုပဲ အရောင်းအဝယ်ဖြစ်နေကြတာ"လို့ ပဲကုန်သည်တစ်ဦးကပြောပါတယ်။

မြေထောက်ပဲဟာ ရာသီဥတု မပူမနွေး အရပ်ဒေသတွေမှာသာ စိုက်ပျိုးဖြစ်ထွန်းနိုင်တဲ့ ပဲအမျိုးအစားဖြစ်ပြီး မြေတောက်ပဲကို ချင်းတွင်းမြစ်ဝှမ်းတစ်လျောက် ကလေး၊ ကလေးဝ၊ ဂန့်ဂေါမြို့နယ်တွေမှာ စိုက်ပျိုးအောင်မြင်လေ့ရှိပြီး အိန္ဒိယနိုင်ငံကို အဓိကထား တင်ပို့ရောင်းချခဲ့ရပေမယ့်လည်း အခုအချိန်မှာတော့ တရုတ်က ဝယ်ယူမှုများနေတယ်လို့ သိရပါတယ်။

တရုတ်ပြည်ဈေးကွက်အတွင်း မြေတောက်ပဲကို လွန်ခဲ့တဲ့ ၆နှစ်လောက်က စမ်းသပ်တင်ပို့ခဲ့ရာက တရုတ်လူမျိုးများ အကြိုက်များပြီး နှစ်စဉ် တင်ပို့ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ 

မြေထောက်ပဲဟာ တစ်နှစ်မှာ တစ်ရာသီသာ စိုက်ပျိုးထွက်ရှိတဲ့သီးနှံဖြစ်ပြီး အိန္ဒိနိုင်ငံ တင်ပို့တဲ့မြေတောက်ပဲတွေကို ပြန်လည်သန့်စင်ပြီး ဥရောပနိုင်ငံတွေကို ပြန်လည်ရောင်းချတာ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013