DVB Logo
Home
မြန်မာသတင်း
Ayeyarwaddy Federal School တွင် ကျောင်းသား ၃၀၀၀ ခန့် တက်ရောက်သင်ကြားနေ
DVB
·
June 8, 2022
Ayeyarwaddy Federal School တွင် ကျောင်းသား ၃၀၀၀ ခန့် တက်ရောက်သင်ကြားနေ
Donate to DVB

တော်လှန်ရေးကာလ ဖွင့်လှစ်လိုက်တဲ့ Ayeyarwaddy Federal School မှာ အွန်လိုင်းနဲ့ မြေပြင်က ကျောင်းသား ၃၀၀၀ လောက်တက်ရောက်နေပြီး ဖက်ဒရယ်ပညာရေးနဲ့ ပတ်သက်တာ၊ လူ့အခွင့်အရေး၊ ပန်းချီ၊ ဂီတ စတာတွေ သင်ကြားပေးနေတယ်လို့ ကျောင်းရဲ့ ဒုဥက္ကဋ္ဌက ပြောပါတယ်။

ဇွန် ၁ ရက်နေ့ စတင်ဖွင့်လှစ်တဲ့ Ayeyarwaddy Federal School မှာ CDM ဆရာ၊ ဆရာမ ၁၃၀ လောက်က သင်ကြားပေးနေတာဖြစ်ပြီး အွန်လိုင်းမှာရော၊ မြေပြင်စာသင်ကျောင်းလည်း ဖွင့်လှစ်သင်ကြားနေတာပါ။

ကျောင်းရဲ့ ဒုဥက္ကဋ္ဌ ဦးဖြိုးဝေအောင်က “NUG ရဲ့ ကြားကာလသင်ရိုးညွှန်းတမ်းကို သင်ပေး​တယ်။ ဒါ့အပြင် ဖက်ဒရယ်ပညာရေးနဲ့ ပတ်သက်တာ၊ လူ့အခွင့်အရေး၊ ပန်းချီ၊ ဂီတ၊ အနုပညာ စသဖြင့်တွေကို တွဲဖက်သင်ရိုးအနေနဲ့ သင်ကြားပေးနေပါတယ်။ Google Form နဲ့ လျှောက်ခိုင်းပြီး ရွေးချယ် လက်ခံထားတာဆိုတော့ တိုင်းနဲ့ပြည်နယ်အစုံက ကျောင်းသားတွေ တက်နေကြပါတယ်” လို့ ပြောပါတယ်။

KG တန်းကနေ Grade 11 အထိ အွန်လိုင်းကနေ ကျောင်းသားပေါင်း ၂၈၀၀ ကျော်၊ မြေပြင်ကျောင်းမှာ ကျောင်းသား ၁၀၀ လောက် တက်နေပြီး ကျောင်းလခမပေးရဘဲ သင်ကြားပေးတဲ့ ဆရာ ဆရာမတွေကို ဒေတာခနဲ့ ဂုဏ်ပြုငွေ ချီးမြှင့်နိုင်ဖို့ကိုတော့ ပြင်ပကနေ အလှူရှင်ရှာဖွေနေတယ်လို့လည်း သူက ဆိုပါတယ်။

“အဓိက အခက်အခဲက ရန်ပုံငွေပေါ့။ zoom အသုံးပြုပြီး သင်ကြားရေးလုပ်နိုင်ဖို့ Participant ၃၀၀ ဆံ့နဲ့ ၅၀၀ ဆံ့ အကောင့် zoom pro acc တွေ အများကြီး လိုတယ်။ ပြီးတော့ ဆရာ၊ ဆရာမတွေကို Data ကြေးနဲ့ ဂုဏ်ပြုငွေ ပေးအပ်နိုင်ရေးတွေလည်း အများကြီး လိုအပ်နေတယ်။ မြေပြင်သင်ကြားရေးအတွက် ကျောင်းသုံးစာအုပ်တွေလည်း လိုအပ်နေပါတယ်” လို့ ပြောပါတယ်။

လှူဒါန်းပေးလိုသူတွေအနေနဲ့ Ayeyarwaddy Federal School ရဲ့ Page မှာ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးတော့ တိုင်းပြည်အတွက် လက်နက်စွဲကိုင်တိုက်နေသူပဲရှိပြီး  ပြန်လည်ထူထောင်ရေးလုပ်နေသူတွေ  မရှိတော့ဘူးဆိုရင် တိုင်းပြည်နစ်နာနိုင်တာကြောင့် CDM တွေဟာလည်း အရေးပါတယ်လို့ သူက ပြောပါတယ်။

“CDM ဟာ ပြည်သူ့တော်လှန်ရေး တပ်ဦးပါ။  အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရားကို  ဖျက်ဆီးနိုင်ဖို့ ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့) တွေ၊ ပအဖ(ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) တွေ၊ PDF အဖွဲ့တွေက မြေပြင်အုပ်ချုပ်ရေးယန္တရားကို ထိန်းချုပ်ထားနိုင်ဖို့ ကြိုးစားနေကြသလို ကျနော်တို့ ပညာရေး ဌာနအနေနဲ့လည်း ပညာရှင်ယန္တရားကို အုပ်ချုပ်ခွင့်မရအောင် ထိန်းနိုင်ဖို့ ကြိုးစားနေကြတာမို့ ပြည်သူ့ပညာရေးကျောင်းတွေကိုလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါလို့ တိုက်တွန်းပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013