DVB Logo
Home
မြန်မာသတင်း
မင်းဘူး(စကု)မြို့နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၂ ဦးကို ထောင်ဒဏ် ၃ နှစ်ချ
DVB
·
June 7, 2022
မင်းဘူး(စကု)မြို့နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၂ ဦးကို ထောင်ဒဏ် ၃ နှစ်ချ
Donate to DVB

မကွေးတိုင်း မင်းဘူး(စကု)မြို့နယ် အခြေခံပညာ ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင် အဖွဲ့ဝင် ၂ ယောက်ကို မနေ့က မေလ ၆ ရက်နေ့မှာ စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ မင်းဘူးမြို့နယ် ဗ.က.သ က ပြောပါတယ်။

မင်ဘူးမြို့နယ် ဗ.က.သ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုပိုင်ခွန်းသာနဲ့ ကိုသူရသက်ဘုန်သျှံတို့ကို စစ်ကောင်စီရဲ့ မင်းဘူးမြို့နယ်တရားရုံးက မေလ ၆ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်ချမှတ်ကာ မန္တလေးက လူငယ်အကျဥ်းထောင်ကို ပို့ဖို့ စီရင်ချက်ချမှတ်ခဲ့တာလို့ မင်းဘူးမြို့နယ် ဗ.က.သ ဥက္ကဋ္ဌ ကိုငြိမ်းမောင်က ဒီဗွီဘီကိုပြောပါတယ်။

“စစ်ကောင်စီက နိုင်ငံရေး အမြတ်ထုတ်တဲ့အနေနဲ့ စာသင်ကျောင်းတွေကို ဘယ်လိုပဲ စေတနာရှိပါတယ်ပြောပြော၊ လူငယ်တွေအနာဂတ်ကို ဘယ်လိုတန်ဖိုးထားတယ်ပဲ ပြောပြော ကျောင်းတွေကို ဟန်ပြဖွင့်နေသလို့ တဖက်မှာလည်း ကျောင်းသားတွေကို အခုလို မတရားဖမ်းဆီးထောင်ချနေတယ်ဆိုတာကို သိစေချင်တယ်။ အဲဒီလို ထောင်ချနေတဲ့အတွက်လည်း ကျနော်တို့ မင်းဘူး ဗ.က.သ က တုန်လှုပ်မှာမဟုတ်ဘဲ လက်ရှိတိမ်းရှောင်နေကြတဲ့ အလုပ်အမှုဆောင်အဖွဲ့တွေဟာ မြန်မာနိုင်ငံရဲ့ နယ်မြေအသီးသီးမှာ စည်းရုံးရေးတာဝန်နဲ့ လက်နက်ကိုင်တာဝန်တွေကို ကျရာနေရာက ထမ်းဆောင်နေကြတယ်ဆိုတာ လူထုကို သိစေချင်တယ်။” 

အဲဒီကျောင်းသား သမဂ္ဂ အဖွဲ့ဝင် ၂ ယောက်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ စစ်အုပ်စုက မတရားဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ ထောင် ၃နှစ်ချမှတ်လိုက်တာပါ။ 

အဲဒီလို မတရား ပြစ်ဒဏ်ချမှတ်တဲ့အပေါ်မှာ မင်းဘူး(စကု)မြို့နယ် ဗ.က.သ အနေနဲ့ အပြင်းအထန် ကန်ကွက် ရှုတ်ချပြီး ကျောင်းသားလူငယ်တွေကို ပညာသင်ခွင့်ဆုံးရှုံးအောင်၊ ကြောက်စိတ်ရိုက်သိမ်းပြီး အာဏာသိမ်း အကြမ်းဖက်မှုကို သက်ဆိုးရှည်အောင် မတရားဆောင်ရွက်တာလို့ မင်းဘူးမြို့နယ် ဗ.က.သ ဥက္ကဋ္ဌ က ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ စာသင်ကျောင်းတွေ အတင်းအဓမ္မ ပြန်ဖွင့် ဖို့ကြိုးစားနေပေမယ့်လည်း တဖက်မှာ ကျောင်းသားလူငယ်တွေကို မတရား ဖမ်းဆီးထောင်ချတာတွေ ဆက်တိုက်ကျူးလွန်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013