DVB Logo
Home
မြန်မာသတင်း
ဆန်စက်ပိုင်ရှင်ကိုဖမ်းမမိသဖြင့် ညီဖြစ်သူနှင့် တူ ၂ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
June 6, 2022
ဆန်စက်ပိုင်ရှင်ကိုဖမ်းမမိသဖြင့်  ညီဖြစ်သူနှင့် တူ ၂ ဦးကို စစ်တပ်က ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သာဂရကျေးရွာသား အာကာမင်းဆန်စက်ပိုင်ရှင် ဦးအောင်စိန်ကို ဇွန် ၅ ရက် ည ၁၁ နာရီလောက်က ရွှေဘိုမြို့ ဂေါက်ကွင်းလမ်းမှာ  စစ်ကောင်စီတပ်က ဝင်ဖမ်းရာမှာ မတွေ့တာကြောင့် သူ့ရဲ့ညီဖြစ်သူနဲ့  တူနှစ်ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အခုအဖမ်းခံရတဲ့သူတွေကတော့  မြတ်တော်ဝင်ဆန်စက်ပိုင်ရှင် ဦးစို၊  ကိုစိုးသက်ဦးနဲ့ ကိုထွန်းသက်ဦးတို့ဖြစ်ပြီး နယ်မြေမလုံခြုံတာကြောင့် ရွှေဘိုမြို့မှာ သွားရောက်အိမ်ငှားနေရင်း ဖမ်းဆီးခံရတာလို့  သိရပါတယ်။

သာဂရရွာသားတစ်ယောက်က "ခေတ်ပျက်နေတာဆိုတော့ဗျာ၊ မတည့်ရင်မတည့်သလို PDFကိုကြတော့ ဒလန်လို့ဆိုပြီး တိုင်လို တိုင်နဲ့။ အခုလည်း ဘာမှမလုပ်ဘဲ ကျနော်တို့ သာဂရက ပျူစောထီး ဝင်လိုက်၊ စစ်တပ်ကဝင် လိုက်ဖြစ်နေတာကြောင့် တတ်နိုင်သူတွေက ရွှေဘိုမြို့ပေါ်တက်ပြီး အိမ်ငှားနဲ့ နေ နေကြတာပါ။ သူတို့ အမှားလုပ်ထားတဲ့ သူဆိုရင်  ရွှေဘိုဆိုတဲ့ မြို့ကြီးပေါ် သွားအိမ်ငှား နေမလဲ”လို့  ပြောပါတယ်။

သာဂရကျေးရွာဟာ အိမ်ခြေ ၁၈၀ လောက်ရှိပြီး ဇွန် ၃ ရက်က စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့လို့  အိမ်ခြေ ၈၀ နီးပါး မီးလောင်‌ဆုံးရှုံးခဲ့သလို လယ်ယာသုံးစက်ပစ္စည်းတွေနဲ့ မရောင်းရသေးဘဲ ရှိနေသေးတဲ့ စပါးဂိုဒေါင်တွေပါ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သာဂရရွာသားတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013