DVB Logo
Home
မြန်မာသတင်း
PRF တပ်ဦး၏ ပခုက္ကူလှုပ်ရှားစစ်ဒေသတွင် ဖွင့်ထားသည့် စာကြည့်တိုက်အတွက် စာအုပ်အကူအညီ လိုအပ်
DVB
·
June 6, 2022
PRF တပ်ဦး၏ ပခုက္ကူလှုပ်ရှားစစ်ဒေသတွင် ဖွင့်ထားသည့် စာကြည့်တိုက်အတွက် စာအုပ်အကူအညီ လိုအပ်
Donate to DVB

ပြည်သူ့တော်လှန်ရေးတပ်ဦး PRF ရဲ့ စစ်ဒေသသတခုဖြစ်တဲ့ ပခုက္ကူလှုပ်ရှားစစ်ဒေသမှာ စာကြည့်တိုက်လေးတခုကို ဒေသခံတော်လှန်ရေးရဲဘော်တွေက ဖွင့်လှစ်ထားခဲ့ပါတယ်။ 

စာကြည့်တိုက်ကို ထပ်မံတိုးချဲ့ဖို့လည်း စီစဥ်ထားတဲ့အတွက် စာအုပ်စာပေအကူအညီတွေ လိုအပ်နေတယ်လို့ စာကြည့်တိုက်မှူး  ရဲဘော်ကျော်ယျက ပြောပါတယ်။

“တောထဲ တောင်ထဲမှာ လက်နက်ကိုင်ပြီး တော်လှန်ရေးတွေလုပ်နေကြပေမဲ့ နိုင်ငံရေးအသိတွေလည်း လိုအပ်ပါတယ်၊ တော်လှန်ရေးဝမ်းစာလည်း လိုအပ်ပါတယ်။ အဲဒီလို နိုင်ငံရေးအသိတွေက စာအုပ်စာပေတွေကပဲ ရနိုင်တာဖြစ်သလို၊ အခု တော်လှန်ရေး လုပ်နေသူတွေထဲမှာ ကျောင်းသားလူငယ်တွေ များစွာပါဝင်ပါတယ်။ တော်လှန်ရေး လုပ်နေခဲ့ပေမဲ့ လူငယ်ကျောင်းသားတွေရဲ့ ပညာသင်ယူခွင့် လေ့လာခွင့်တွေ ဘယ်အရာကမှ ရပ်တန့်ထားလို့ မရဘူးဆိုတာကို ပြသချင်တာကြောင့်ရယ်၊ တော်လှန်ရေးနဲ့ သင်ယူလေ့လာရေးကို တွဲလုပ်လို့ရတယ် ဆိုတာရယ်၊ ပြည်သူ့တော်လှန်ရေးတပ်ဦး PRF ရဲ့ အဓိကမူ၀ါဒတွေနဲ့ တိုက်ရိုက်သက်ဆိုင်တာရယ်ကြောင့် အခုလို စာကြည့်တိုက်လေးတခုကို ဖန်တီးခဲ့တာ။”

“စာအုပ်စာပေက လူတွေရဲ့ နှလုံးသားကို နူးညံသိမ်မွေ့နိုင်ပါတယ်။ တကယ်လို့ ဒိလိုမျိုးစာအုပ်စာပေတွေသာမရှိရင်၊ အခုဖက်စစ်တပ်လို တော်လှန်ရေးရဲဘော်တွေရဲ့ နှလုံးသားက ရက်စက်ကြမ်းကြုတ်သွားမှာဖြစ်တဲ့အတွက် အခုလို စာကြည့်တိုက်လေး ဖန်တီးပေးတဲ့ ရဲဘော်တွေကို လေးစားတယ်” လို့ စာဖတ်သူရဲဘော်တယောက်က ပြောပါတယ်။

စာကြည့်တိုက်ကို ပခုက္ကူဒေသထဲက တော်လှန်ရေးနယ်မြေတခုထဲမှာ တည်ထောင်ထားတာဖြစ်ပြီး တော်လှန်ရေးမဟာမိတ်နယ်မြေတွေမှာလည်း စာကြည့်တိုက်တွေ ထပ်ဖွင့်ဖို့ စီစဉ်ထားပြီး စာအုပ်တွေ လှူပေးကြဖို့ဖို့ စာကြည့်တိုက်မှူး  ရဲဘော်ကျော်ယျက ပြောပါတယ်။

စာကြည့်တိုက်ကို လတ်တလော သုတ၊ ရသ၊ နိုင်ငံရေး၊ သမိုင်း အပါအဝင် တခြားလေ့လာစရာ စာအုပ်ပေါင်း ၁၆၅ အုပ်နဲ့ လည်ပတ်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013