DVB Logo
Home
မြန်မာသတင်း
ဖားကန့်၊ ဆယ်ဇင်းရွာအနီး တိုက်ပွဲဖြစ်
ဟန်န
·
July 15, 2026
Photo: DVB
Photo: DVB
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၉ နယ်မြေ ဆယ်ဇင်းကျေးရွာ တဖက်ကမ်းမှာ စစ်အာဏာရှင်တပ်နဲ့ ရှမ်းနီပြည်သူ့စစ် SNA ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတောက်လျှောက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဆယ်ဇင်းကျေးရွာ မြစ်တစ်ဖက်ကမ်း စစ်ကိုင်းတိုင်း ဟုမ္မလင်းဘက်ခြမ်းမှာ စစ်အာဏာရှင်ပူးပေါင်းတပ်တွေ အခုလဆန်းပိုင်းလောက်ကစပြီး စစ်ကြောင်းထိုးလာတဲ့အတွက် KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“ဒီရက်ပိုင်းတော့ KIA တပ်မဟာ ၉ တပ်ရင်း ၃၁ ဒေသ၊ စစ်ကိုင်းဘက်ခြမ်း ဆယ်ဇင်းဟိုဘက်ကမ်း ဟုမ္မလင်းဘက်ခြမ်း ရေပေါ်မီးနဲ့ စုံတွဲကြားမှာ စစ်ကောင်စီနဲ့ ရှမ်းနီပြည်သူ့စစ် SNA ပူးပေါင်းတပ်ဖွဲ့တွေ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတောက်လျှောက်ဖြစ်နေတယ်။ စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဖွဲ့တွေ အထိနာနေတယ်၊ တိုက်ပွဲက ဒီနေ့ထိ တောက်လျှောက် ဖြစ်နေတယ်။ ပြီးရင် KIA တပ်မဟာ ၉ ရင်း ၂၆ ဒေသ အင်းတော်ကြီး၊ လုံးတုံ ဘက်ကိုလည်း စစ်ကောင်စီနဲ့ SNA ရှမ်းနီပြည်သူ့စစ် ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတောက်လျှောက် ဖြစ်နေတယ်။ အဲ့မှာလည်း စစ်ကောင်စီရဲ့ ဒရုန်းတွေ သိမ်းဆည်းရမိတာရှိတယ်။ ပြီးရင် တချို့ ဂျမ်မာတွေ ဖျက်ဆီးနိုင်တာတွေ ရှိတယ်။”

အင်းတော်ကြီးဒေသရှိ KIA တပ်မဟာ ၉၊ တပ်ရင်း ၂၆ နယ်မြေ လုံးတုံရွာ တဝိုက်မှာလည်း စစ်အာဏာရှင်တပ်နဲ့ SNA ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ပွားနေပြီး စစ်တပ်ရဲ့ ဒရုန်း ၁ စီးလည်း သိမ်းဆည်းရရှိထားတယ်လို့ ကချင် ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် နယ်မြေအတွင်း စစ်တပ်က လေကြောင်းပစ်ကူတွေ အလွန်အကျွံအသုံးပြုပြီး မြေပြင်စစ်ကြောင်းတွေကို ဖိအားပေးထိုးစစ်ဆင်နေတဲ့အတွက်  စစ်ရေးအခြေအနေ တောက်လျှောက် တင်းမာနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၄ ရက်က ဖားကန့်မြို့နယ် မြောက်ဘက်ရှိ KIA တပ်မဟာ ၉၊ တပ်ရင်း ၆ နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဂျက်တိုက်လေယာဉ် ၄ စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်တလုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဇူလိုင် ၉ ရက် ညနေပိုင်းကလည်း တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ် ၂ စင်းက KIA တပ်မဟာ ၉ တပ်ရင်း ၆ နယ်မြေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ကချင်ပြည်နယ် ဖားကန့်ဒေသ ဖားကန့်မြောက်ဘက်ခြမ်း တပ်မဟာ ၉ တပ်ရင်း ၆ ဒေသ ဘက်ကို ၃ နာရီဝန်းကျင်လောက်မှာ အကြမ်းဖက်စစ်တပ်ကနေ တံတားဦးကတက်တဲ့ ဂျက်ဖိုက်တာ ၂ စင်း၊ ဟုမ္မလင်းက တက်တဲ့ ဂျက်ဖိုက်တာ ၂ စင်းနဲ့ လေယာဉ် ၄ စင်းနဲ့ ဗုံးကြဲသွားတာ ရှိတယ်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲနဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာပေါ့။ ပြီးရင် ဇူလိုင် ၉ ရက်နေ့ ညနေမှာလည်း တံတားဦးက တက်တဲ့ ဂျက်ဖိုက်တာ ၂ စင်းနဲ့ KIA တပ်မဟာ ၉ ရင်း ၆ ဘက်ကို ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံးကြဲသွားတာ ရှိတယ်။ ဒီရက်ပိုင်း ဖားကန့်မှာ တိုက်ပွဲမရှိပေမဲ့ အကြောင်းမဲ့ ဗုံးလာကြဲတာ။”

လေကြောင်းဗုံးကြဲမှုကြောင့် လူနေအိမ်တလုံး ပျက်စီးသွားပေမဲ့ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ သိရပါတယ်။

ဖားကန့်ဒေသမှာ တိုက်ပွဲတွေ ငြိမ်သက်နေတာ ၁ လနီးပါး ရှိလာပြီ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကတော့ သူတို့ထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာ စစ်ရေးလှုပ်ရှားတာ၊ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာတွေ တင်းကျပ် လုပ်ဆောင်နေတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013