DVB Logo
Home
မြန်မာသတင်း
စာသင်ကျောင်းများကို တိုက်ခိုက်မည်မဟုတ်ဟု ဗိဿနိုး-PDF ကြေညာ
DVB
·
June 3, 2022
စာသင်ကျောင်းများကို တိုက်ခိုက်မည်မဟုတ်ဟု ဗိဿနိုး-PDF ကြေညာ
Donate to DVB

ဗိဿနိုး-PDF အခြေစိုက်နယ်မြေအတွင်း ကျောင်းသား ကျောင်းသူတွေ ပညာသင်ကြားတဲ့ နေရာတွေနဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာတွေကို တိုက်ခိုက်မှာမဟုတ်ဘူးလို့ ဗိဿနိုး-PDF တပ်ဖွဲ့က  ဇွန် ၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဗိဿနိုး-PDF သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်ထန်ထွဋ်က “အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အွန်လိုင်းကနေ သင်ကြားပေးတဲ့ ပညာရေးအစီအစဥ်မှာ တက်ရောက်ဖို့ တိုက်တွန်းပေမဲ့လည်း ကျနော်တို့အညာဒေသရဲ့ စီပွားရေးအခြေအနေ၊ အင်တာနက် ဖြတ်တောက်ခံရတဲ့ အခြေအနေတွေကြောင့် ကျောင်းသားမိဘတွေနဲ့ ကျောင်းသားကျောင်းသူတွေရဲ့ အခွင့်အရေးကို မပိတ်ပင်သလို တိုက်ခိုက်မှုတွေလည်း ပြုလုပ်မှာမဟုတ်ဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။

တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ်မြို့နယ်တွေက အလယ်တန်းနဲ့ အထက်တန်းကျောင်းအုပ်တွေဟာ စစ်ကောင်စီတပ်သားတွေရဲ့ မိန်းမတွေ များပြားပြီး စစ်ကောင်စီတပ်တွေကို စာသင်ကျောင်းထဲမှာ တပ်စွဲထားကာ ကျောင်းသားကျောင်းသူတွေနဲ့ CDM ဝန်ထမ်းတွေကို ဖိအားပေးတာတွေ ပြုလုပ်မယ်ဆိုရင်တော့ ကျောင်းသားကျောင်းသူတွေ မရှိတဲ့ စာသင်ချိန်ပြင်ပမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ ဗိုလ်ထန်ထွဋ်က ပြောပါတယ်။

“အဓိကတော့ ပုံမှန်လည်ပတ်နေတဲ့ ခေတ်တခေတ်ကို ပျက်အောင် အာဏာသိမ်းစစ်ကောင်စီက လုပ်သွားတာပါ။ ပညာသင်ကြားရမယ့်အချိန်မှာ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ ကျောင်းသားလူငယ်တွေရှိသလို ဌာနအသီးသီးက CDM ဝန်ထမ်းတွေနဲ့ ဒီနေ့အချိန်အထိ သပိတ်တိုက်ပွဲ ဆင်နွှဲနေကြတဲ့ ပြည်သူတွေကိုလည်း ထည့်စဥ်းစားရတယ်ဗျ။ အညာဒေသမှာ စီးပွားရေးအကျပ်အတည်းနဲ့ အင်တာနက် အခက်အခဲတွေကြောင့် ၁၄ နှစ် ၁၅ နှစ် အရွယ်တွေက ၁၇ နှစ် ၁၈ နှစ်တွေ ဖြစ်သွားပြီး ၉ တန်း ၁၀ တန်း မတက်နိုင်ကြဘူး။ ကလေးတွေရဲ့ ပညာရေးကတော့ အနှောင့်အယှက် ဖြစ်သွားတာပေါ့။ သူတို့သာ အာဏာမရူးခဲ့ရင် ကျနော်တို့ကလေးတွေရဲ့ ပညာရေးလည်း ထိခိုက်မှာမဟုတ်ဘူး။”

ပြည်သူ့အစိုးရလက်ထက်မှာ စနစ်သစ်ပညာရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့တာကြောင့် စစ်ကောင်စီက အဆင်သင့် ဆက်အသုံးပြုခဲ့ပြီး စစ်ကျွန်ပညာရေးဆိုပေမဲ့ ကျောင်းသူကျောင်းသားတွေကို အပြစ်ပြောလို့မရဘဲ CDM ဆရာ ဆရာမတွေအတွက် ခံစားမှုတခု ဖြစ်စေတယ်လို့ ဆိုပါတယ်။

နှစ်ကာလအများကြီး ပေးဆပ်ကာ သင်တန်းတွေ၊ တက္ကသိုလ်တွေ တက်ခဲ့တဲ့ အတွေ့အကြုံရှိ CDM ဆရာ ဆရာမတွေနေရာမှာ ရိုးရိုး ဆယ်တန်းအောင် ဘွဲ့ရတွေကို (...) တိုးပေါက်ကနေ ဆွဲခန့်လိုက်တဲ့အတွက် ကလေးတွေရဲ့ ပညာရေးအပေါ် ဘယ်လောက်ထိ အကျိုးသက်ရောက်နိုင်မလဲဆိုတာ ထည့်စဥ်းစားရမယ်လို့လည်း ပြောပါတယ်။

ဗိုလ်ထန်ထွဋ်က “ကျနော်တို့အဖွဲ့ထဲမှာလည်း ခေါင်းဆောင်ပိုင်းတချို့ အဖမ်းခံရပြီး တချို့က အဝေးမှာ ရှောင်တိမ်းနေရတယ်။ ထုတ်လုပ်ရေးစခန်းခွဲတွေ သိမ်းခံရတာတွေရှိတယ်။ လက်နက်တွေ အသိမ်းခံရတာတွေရှိ​တော့ ပြန်လည်စုစည်း လက်နက်ပြန်ရှာရပေါ့။ အလှုရှင်ကလည်း ဗိဿနိုးက ဘာမှမလုပ်တော့ဘူးဆိုပြီး မလှူတော့တာတွေရှိတော့ ကျနော်တို့ အခက်အခဲတွေ အများကြီးဖြစ်ရတယ်။ အခုတော့ ရတာလေးနဲ့ ရှိတာနဲ့ ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

ဗိဿနိုး-PDF အနေနဲ့ ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်တဲ့အထိ တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013