DVB Logo
Home
မြန်မာသတင်း
PNLO/PNLA ပအိုဝ်းတပ်ဖွဲ့ တတိယအကြိမ်ညီလာခံကျင်းပ
DVB
·
May 30, 2022
PNLO/PNLA ပအိုဝ်းတပ်ဖွဲ့ တတိယအကြိမ်ညီလာခံကျင်းပ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသမှာရှိတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ဌာနချုပ်မှာ တတိယအကြိမ်မြောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/ PNLA)ညီလာခံကျင်းပနေပါတယ်။

မေလ ၂၉ ရက်ကနေ ၃၁ ရက်ထိ ကျင်းပနေတဲ့ (PNLO/ PNLA) ညီလာခံကို ကိုယ်စားလှယ်ပေါင်း ၁၃၀ ကျော် တက်ရောက်နေပြီး  အလုပ်အမှုဆောင် အသစ်တွေကို ရွေးကောက် တင်မြှောက်သွားမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) ရဲ့ ညီလာခံကို  ၄ နှစ် တကြိမ် ကျင်းပလေ့ရှိတာ ဖြစ်ပါတယ်။

PNLO/PNLA တပ်ဖွဲ့ဟာ အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013