DVB Logo
Home
မြန်မာသတင်း
ရှမ်းတောင် ၁၀၀၈ တပ်ရင်းမှ ရဲဘော် ၁ ဦး မိုင်းမတော်တဆဖြစ်ပြီး သေဆုံး
DVB
·
May 30, 2022
ရှမ်းတောင် ၁၀၀၈ တပ်ရင်းမှ ရဲဘော် ၁ ဦး မိုင်းမတော်တဆဖြစ်ပြီး သေဆုံး
Donate to DVB

ရှမ်းပြည်နယ်​တောင်ပိုင်း ၁၀၀၈ တပ်ရင်းမှ ရဲဘော်အောင်ဇော်ထွန်း (ခ)နောင်ခမ်းဟာ မေ ၂၉ ရက်က မိုင်းမတော်တဆကြောင့် ရှေ့တန်းတနေရာမှာ  သေဆုံးခဲ့တယ်လို့ ၁၀၀၈ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သေဆုံးသွားတဲ့ ရဲဘော်မှာ ကလောမြို့ ရပ်ကွက် ၁ က ဖြစ်ပြီး အဆက်သွယ်ပြတ်နေတဲ့ သူ့ရဲ့ ၇ လ သမီးနဲ့ မိသားစုဝင်တွေကို လွန်ခဲ့တဲ့ ၂ လက စစ်တပ်က ဖမ်းဆီးသွားတာပါ။

၁၀၀၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက “ကျဆုံးရဲဘော်ရဲ့ မိသားစုဝင်တွေအကြောင်း အသေးစိတ်တော့ မသိရပါဘူး။ သူနဲ့ မိသားစုတွေက အဆက်အသွယ်လည်း မရှိတော့ ဘယ်မှာ ဖမ်းထားတယ်ဆိုတာ မသိရဘူး”လို့ ပြောပါတယ်။

ရှမ်း-ကယားနယ်စပ်မှာ စစ်ကောင်စီနဲ့ ၁၀၀၈ တပ်ရင်းအပါအဝင် KNDF ၊ URF တို့တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲရက်ရှည်လာတာနဲ့အမျှ လက်နက်ခဲယမ်း လိုအပ်ချက်တွေ ရှိနေတာကြောင့် ငွေကြေး အခက်အခဲနဲ့ ဝယ်ယူဖို့ အခက်အခဲကြောင့် 60 MM အပါအဝင် မိုင်းတချို့ကို ကိုယ်တိုင်စမ်းသပ် ထုတ်လုပ်နေကြရတာပါ။ 

လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို ညီနောင်မဟာမိတ် KNDF ကိုအကူအညီတောင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ထံကလည်း ထောက်ပံ့မှု အနည်းငယ် ရရှိတယ်လို့ ဆိုပါတယ်။ 

ရှမ်း-ကယားနယ်စပ် ဖယ်ခုံအရှေ့ဘက်  လွယ်ပေါကျေးရွာကို မေ ၂၉ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို လွယ်ပေါကျေးရွာအရှေ့ တောင်ပေါ် စေတီကုန်းနဲ့ လက်ဝါးကပ်တိုင် အနီးတဝိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်မ ၅၅ ကို KNDF၊ URF နဲ့  ၁၀၀၈ တပ်ရင်းတို့ ပူးပေါင်းပြီး မေ ၂၈ ရက်က တိုက်ခိုက်ခဲ့သေးတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013