DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ နေအိမ်နှင့် NLD အမတ်နေအိမ် ချိပ်ပိတ်ခံရ
DVB
·
May 25, 2022
ကချင်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ နေအိမ်နှင့် NLD အမတ်နေအိမ် ချိပ်ပိတ်ခံရ
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်မှာရှိတဲ့ ကချင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဦးခန်လိန်ရဲ နေအိမ်ကို မေလ ၂၅ ရက် ဒီနေ့ ညနေ ၄ နာရီလောက်မှာ  စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲတွေ အင်အားအလုံးအရင်းနဲ့လာရောက်ပြီး ချိပ်ပိတ်သွားတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

“ခုလေးတင် ဦးခန်လိန်ရဲ့ အိမ်မှာ ရဲနဲ့ စစ်သားတွေ အများကြီး နေရာယူထားတယ်။ ခဏအကြာတော့ ချိပ်ပိတ်ကြောင်း ဗီနိုင်းကပ်ပြီး ပြန်ထွက်သွားတယ်” လို့ ဒေသခံကပြောပါတယ်။

ကချင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးခန်လိန်ဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘေးလွတ်ရာကို မိသားစုလိုက် တိမ်းရှောင်ခဲ့တာဖြစ်ပြီး ပူတာအိုခရိုင်မှာ  ပထမဆုံး နေအိမ်ချိပ်ပိတ်ခံရတာ ဖြစ်ပါတယ်။

အလားတူ ဗန်းမော်မြို့၊ နောင်ခိုရပ်၊ ရွှေကျီးနားဘုရားလမ်းမှာရှိတဲ့ အန်အယ်လ်ဒီ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းရဲ့ နေအိမ်ကိုလည်း မေလ ၂၄ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့၀င်တွေ၊ ရဲတပ်ဖွဲ့၀င်တွေက  လာရောက်ချိတ်ပိတ်သွားခဲ့​တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နောင်ခိုဒေသခံတစ်ဦးက  “၂၀၂၁ ခုနှစ်က စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးမှုတွေရှိခဲ့တဲ့အချိန်ကတည်းက ဦးဇော်သင်းတို့ မိသားစုလိုက် ရှောင်သွားကြတာကြာပြီ။ အိမ်က မြက်ရိုင်းပင်တွေ၊ အပင်တွေတောင် အုပ်ဆိုင်းနေတာဟုတ်တယ်။ အဖွဲ့လိုက်ကြီး လာပြီး ဗီနိုင်း လာကပ်ပြီး ပုံရိုက်သွားကြတယ်”လို့ ပြောပါတယ်။

ဦးဇော်သင်းရဲ့ နေအိမ်ကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းလိုက်​ပြီး မည်သူမျှ ရောင်း၀ယ်ကျူးကျော်ခြင်းမပြုရလို့လည်း ဗီနိုင်းမှာ ရေးထားတာကို တွေ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဗန်းမော်မြို့နယ်နဲ့ ကချင်ပြည်နယ်မှာ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တယောက်ရဲ့ အိမ်ကို ချိပ်ပိတ်တာ ပထမဦးဆုံးဖြစ်ပြီး အများပြည်သူကို ခြိမ်းခြောက်တာဖြစ်တယ်လို့ နယ်ခံ NLD ပါတီ၀င်တဦးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲတွေက ပူတာအိုမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးတွေက ထွက်စာတင်လို့ သေနတ်နဲ့ ချိန်ရွယ် ခြိမ်းခြောက်ခံရတာလည်း ရှိခဲ့တယ်လို့ ပူတာအိုမြို့ခံ က ပြောပါတယ်။

ဗန်းမော်မြို့နယ်မှာလည်း CDM ၀န်ထမ်းတွေနဲ့ PDF လို့ သံသယရှိသူတွေ၊ NLD ပါတီ၀င်အမှုဆောင်တွေကိုလည်း စစ်ကောင်စီက မကြာခဏ ဖမ်းဆီးနေတာကြောင့် ရှောင်တိမ်းနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013