DVB Logo
Home
မြန်မာသတင်း
အတိုးအရင်းပြန်ဆပ်ပြီးသည့် တောင်သူများကို မိုးစပါးချေးငွေ ၁ ဧကလျှင် ကျပ် ၁ သိန်းခွဲနှုန်းဖြင့် ထုတ်ချေး
DVB
·
May 25, 2022
အတိုးအရင်းပြန်ဆပ်ပြီးသည့် တောင်သူများကို မိုးစပါးချေးငွေ ၁ ဧကလျှင် ကျပ် ၁ သိန်းခွဲနှုန်းဖြင့် ထုတ်ချေး
Donate to DVB

မိုးစပါးချေးငွေအတွက် အရင်းနဲ့အတိုး ပေးဆပ်ပြီးဖြစ်တဲ့ တောင်သူတွေကို  ၂၀၂၂ ခုနှစ်အတွက် မိုးစပါးချေးငွေတွေ ထုတ်ယူနိုင်ပြီလို့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးကြေညာထားပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေတွေကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးနေရာမှာ အချိန်စေ့ ချေးငွေတွေဖြစ်တဲ့ ၂၀၂၀ မိုးချေးငွေနဲ့ ၂၀၂၀ မိုးချေးငွေ အရင်း၊ အတိုး ပေးဆပ်ပြီးတဲ့ တောင်သူတွေကို အခုမေလ ၁၆ ရက်ကစပြီး သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ် ဘဏ်ခွဲတွေမှာ စတင်ထုတ်ချေးပေးနေတာလို့ ဆိုပါတယ်။

ဒီ့အတွက် အရင်ချေးငွေတွေ ပေးဆပ်ပြီးတဲ့ တောင်သူလယ်သမားတွေအနေနဲ့ ၂၀၂၂ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေတွေ အချိန်မီရရှိနိုင်ဖို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်လက်အောက်ရှိ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ဘဏ်ခွဲတွေနဲ့ အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ကြဖို့လည်း ဆော်ဩထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ဝန်ထမ်းတဦးက “အရင်ယူထားတဲ့ မိုးစပါးချေးငွေ ကြွေးကျေသူတွေကို ဦးစားပေး ထုတ်ပေးတာပါ။ အခုနှစ် မေလ ၁၆ ရက်နေ့ကစပြီး စက်တင်ဘာလအထိ ထုတ်ချေးပေးသွားမှာပါ။ ၁ ဧကကို  ၁ သိန်းခွဲ ကျပ်နှုန်းနဲ့ ထုတ်ချေးပေးပြီး အတိုးနှုန်းကတော့ ချေးငွေအပေါ် ၁ နှစ်ကို ၅ ရာခိုင်နှုန်းနဲ့ ကောက်ခံသွားမှာ ဖြစ်တယ်” လို့ ပြောပါတယ်။ 

တဖက်မှာလည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကြောင့်  ၁ နှစ်ကျော်ကာလအတွင်းမှာ စိုက်ပျိုးရေးလုပ်ငန်သုံး သွင်းအားစုတွေရဲ့ စျေးနှုန်းက အဆမတန် မြင့်တက်လာပြီး  ဒီဒဏ်ကို လယ်သမားတွေ ခါးစည်းခံနေရပါတယ်။

ဧရာဝတီတိုင်းမှ တောင်သူတဦးက “လယ်သမားတွေဘဝက ကိုဗစ်ကာလကတည်းက ကျပ်တည်းနေတာ ဆိုပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ပိုပြီးဆိုးသွားစေတယ်။ ပြီးခဲ့တဲ့ နွေစပါးကလည်း အထွက်မကောင်းဘူး။ ဒီကြားထဲ သွင်းအားစုစရိတ်တွေကလည်း အရင်ထက် ၃ဆ နီးပါး တက်လာတယ်။ ဒီတော့ ယူထားတဲ့ အကြွေးတွေက အခုထိ မကျေသေးဘူး။ အခု မိုးစပါးအတွက် ချေးငွေပေးမယ်ဆိုတာက ကြွေးကျေသူတွေကို ပေးမှာဖြစ်လို့ ကျနော်တို့က မရနိုင်ဘူး။ ဒီတော့ အပြင်ကနေပဲ ထုံးစံအတိုင်း ချေးရဦးမယ်” လို့  ဒီဗွီဘီကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်ထဲမှာတော့ စစ်ကောင်စီတပ်တွေက ရွာတွေကို မီးရှို့ဖျက်ဆီး၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ရွာလုံးကျွတ် မီးလောင် ပျက်စီးကာ ဒေသခံတောင်သူတွေလည်း အိုးအိမ်နဲ့ လယ်ယာမြေတွေကို စွန့်ခွာပြီး  စစ်ဘေးရှောင် ထွက်ပြေးနေကြရလို့ စိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်နိုင်ဘဲ  ဖြစ်နေကြရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013