DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီနှင့် RCSS အချက် ၄ ချက် သဘောတူလက်မှတ်ရေးထိုး
DVB
·
May 24, 2022
စစ်ကောင်စီနှင့် RCSS အချက် ၄ ချက် သဘောတူလက်မှတ်ရေးထိုး
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေးကိစ္စ သွားရောက်ဆွေးနွေးခဲ့တဲ့ RCSS/SSA  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ အဖွဲ့ဝင်တွေဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအပါအဝင် အချက် ၄ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 

မေ ၂၀ ရက်နေ့က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သွားကြဖို့ နှစ်ဘက်တူညီတဲ့ သဘောထားရရှိခဲ့ပြီး မေ ၂၁ - ၂၂ အတွင်း စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ ဆက်လက်ဆွေးနွေးခဲ့တာမှာ အချက် ၄ ချက် သဘောတူလက်မှတ်ရေးထိုးခဲ့တာပါ။

အဆိုပါအချက်ထဲမှာ ပါတီစုံဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ပါဝင်တယ်လို့  ဒုဗိုလ်မှူးကြီး  စိုင်းအုမ်ခေးက ဒီဗွီဘီကို ပြောပါတယ်။ 

“ နံပါတ် ၁ က နိုင်ငံရေးကိစ္စ၊ နံပါတ် ၂ က စစ်ရေးစစ်ရာ ကိစ္စ၊ နံပါတ် ၃ က  ‌ဒေသဖွံ့ဖြိုးရေးနဲ့ နံပါတ် ၄ က စီးပွါးရေးကိစ္စပေါ့။ နံပါတ် ၁ မှာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ နဲ့ ဖက် ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ အချက်နှစ်ချက်ပါတယ်။ စစ်ရေးစစ်ရာက ၁ ချက်ပဲပါ ပါတယ်။  ဒေသဖွံ့ဖြိုးရေးကို ပြည်သူလူထုအတွက် လက်လှမ်းမီသလောက် စီးပွားရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး လမ်းပန်းဆက်သွယ်ရေး စတဲ့ အခြေခံတိုးတက်ဖွံ့ဖြိုးရေးအတွက် အတူတူဝိုင်းဝိုင်းဆောင်ရွက်ဖို့ အချက်တွေပါပါတယ်။”

စစ်ရေးစစ်ရာမှာ ပါဝင်တဲ့အချက်တွေနဲ့ စီးပွားရေးမှာ ဘယ်လိုလုပ်ပိုင်ခွင့်တွေရခဲ့လဲ ဆိုတာကို တော့ ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။ 

မေ ၂၁ - ၂၂ တွေ့ဆုံဆွေးနွေးပွဲမှာ  RCSS ဘက်က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ အတွင်းရေးမှူး-၁ ဗိုလ်မှူးကြီး စိုင်းငင်းနဲ့ စစ်ကောင်စီဘက်က အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနောင်နဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဗိုလ်မှူးကြီး ဆောင်းဟန်တို့ တက်ရောက်ကြပါတယ်။

နောက်ထပ် ဘယ်တော့တွေ့ဆုံဆွေးနွေးကြမလဲဆိုတာကိုတော့ မသိသေးကြောင်း၊  ဒီတ ခေါက်ခရီးစဉ်ပေါ်မှာတော့ RCSS/SSA အနေနဲ့ ကျေနပ်အားရမှုရှိတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်ရဲ့  ငြိမ်းချမ်းရေးဆွေးနွေးကို သွားရောက်ခဲ့တဲ့အတွက် လူမှုကွန်ရက်မှာ ဝေဖန်ခံနေရပေမဘ့် တဘက်နဲ့တဘက် ပစ်ခတ်တိုက်ခိုက်နေမယ်ဆိုရင် ဘယ်တော့မှငြိမ်းချမ်းရေးရမှာမဟုတ်ကြောင်း၊  ဘယ်လိုပဲတိုက်နေကြပါစေ နောက်ဆုံးတော့ စကားဝိုင်းပေါ်မှာပဲ ငြိမ်းချမ်းစွာတွေ့ဆုံဖြေရှင်းရတာပဲလို့ RCSS/SSA ဘက်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013